34

2.3K 185 16
                                    

"ကိုကို!ကိုကို !ခိခိ"

Baekhyun အလုပ်လုပ်နေတဲ့
ဆိုဖာဘောင်ပေါ် ကားယားလေးတက်ခွကာ ဆော့နေတဲ့ မျောက်လောင်းပိစိ Yeollie...

Baekhyun တစ်ချက်ရယ်ကာ အလုပ်ဆက်လုပ်နေပြန်တော့ နှုတ်ခမ်းကိုတစ်တောင်လောက်ထော် ၍ရန်တွေ့လေပြီ

"ကိုကိုနော်!ကလေးကခေါ်နေတာကို မထူးပဲ အာ့အလုပ်ကျိပဲလုပ်နေတာပဲ...😣"

"Haha မဟုတ်ပါဘူးကလေးရယ် ထူးပါတယ်"

"သွားဗျာ မခေါ်ပု..."

ဟိုဘက်လှည့်ကာ နှုတ်ခမ်းလေးဆူ၍ ပါးကိုလုံးကစ်နေအောင် ဖောင်းထားတဲ့ပိစိ...

Baekhyun အလုပ်တွေကိုပစ်ချ၍ ကောင်လေးပေါက်စကို ချော့ဖို့သာပြင်ရတော့သည်

ပထမ အသည်းယားဖို့ကောင်းနေတဲ့ ကောင်လေးရဲ့ကိုယ်လုံးလေးကို အနောက်ကနေပွေ့ဖက်လိုက်တော့ အတင်းရုန်းကန်ကာ လူကိုတွန်းထုတ်သည်

"ဖယ်!ဖယ်ဗျ!ခေါ်ပါဝူးဆို ကိုကိုစုတ်!ဟွင့်😒"

"ခေါ်ပါဗျာ ကလေးမှမခေါ်ရင် ကိုကိုကဘယ်သူ့ကိုခေါ်ရမှာလဲ"

"လမ်းထိပ်မှာကုလားမကြီးရှိတယ် သွားခေါ်သွား"

စိတ်တွေမတရားကောက်နေတဲ့ ပိစိကြောင့် Baekhyun ခပ်ဟဟရယ်မိသည်...

"အဲ့ကုလားမကြီးနဲ့ ကိုကို့ ကိုစိတ်ချတယ်ပေါ့"

"အွင့်...ဟာဗျာ ကိုကိုနော်"

Baekhyun စကားကြောင့် သဝန်တိုတတ်တဲ့ပေါက်စက
သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးတွေနဲ့လှမ်းထုသည်

သူတို့အိမ်ထောင်ရေးကအဲ့လိုပင်...
အိမ်ထောင်သက်တမ်းသာကြာလာတယ် အချစ်တွေကပိုတိုးလာကာ အမြဲပျော်စရာတွေချည်း...

သူများတွေရဲ့သမီးရည်းစား ဘဝထက်တောင် သူတို့ကပိုချိုမြိန်ဦးမည်ထင်ရဲ့....

"ချစ်လိုက်တာကွာ..."

"ခိခိ Yeollie ကချစ်ဖို့ကာင်းပြီးသား"

"Haha သိပါတယ်ပေါက်စရဲ့ အဲ့တာကြောင့်လဲချစ်လို့မဝနိုင်တာ"

"လူကြိ လူကြိ"

"အွန်?လူကြိ?"

"ဟုတ်တယ်လေ ကျွန်တော်ကကလေးဆို ကိုကိုကလူကြိပေါ့ဗျ"

••Oxygen••Where stories live. Discover now