27

1.7K 116 0
                                    

"ကိုကို!ကိုကို!ကိုကိုလို့!"

"လာပြီ...လာပြီကလေး ကိုကိုဒီမှာ"

Baekhyun အခန်းထဲကပြေးထွက်လာတော့ yeollie လေးမျက်နှာ ရှစ်ခေါက်ချိုးနဲ့ ခြေဆောင့်နေသည်လေ...

"ကိုကိုနော်!ခေါ်ရင်ဘာလို့အမြန်ရောက်မလာတာလဲ?😠"

"အာ...ကိုကိုအလုပ်များနေလို့ပါ ကလေးရယ်"

"အလုပ်?ဟွင့်...ဒီကိုလာဦး ကိုကိုနဲ့ကျွန်တော်ရှင်းစရာတွေရှိတယ်😏"

"အန်?အင်း..."

ကျောင်းကပြန်ရောက်ရောက်ချင်း ဆိုသလို ဆိုဖာတွင်ထိုင်ကာ စူပုတ်ပုတ်မျက်နှာဘေးနဲ့ သူ့ကိုကြည့်နေတဲ့ကောင်လေးကြောင့် Baekhyun ခေါင်းကုတ်ကာအနားသွားထိုင်ရသည်...

"ဘာဖြစ်လို့လဲဟင် ကလေး?"

"ဘာဖြစ်တာလဲကျွန်တော်က ရှင်းပြနေရဦးမှာလား!😬"

Chanyeol ပိတ်အော်လိုက်တာကြောင့် Baekhyun လိပ်ပြာတောင်လွင့်ချင်ချင်...
ကလေးပိစိစိတ်ဆိုးနေတာကြောင့် Baekhyun ခေါင်းလေးငုံ့ကာ ဘာမှလဲမပြောရဲ...

သိတဲ့အတိုင်း ပိစိရဲ့လက်သီးက အချိန်နေရာမရွေးဘူးလေ😪...

သူ့မှာလဲ အဲ့ကောင်လေးပိစိကို ပြားနေအောင်ကြောက်ရသည်မလား?
ချစ်လွန်းလို့အလိုလိုက်ထားရာက ကလေးလေးပြောသမျှ ခေါင်းငြိမ့်ရင်း အခုတော့ Yeollie ဘေးမှာကုတ်ကုတ်လေးထိုင်နေရတဲ့ဘဝ😞...

သိတဲ့အတိုင်း ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ ဘာမှလဲအထွန့်မတက်ရဲ😥...

"ကိုကိုလာလုပ်ထားလဲ သိတယ်မလား?"

"အင်း...သိပါတယ်ကလေးရယ်😞"

"ပြော😏"

"ဟို...ကိုကို ကျောင်းလာမကြိုလို့လားဟင်?😅"

"ဟုတ်တယ်!ပြောပါဦး...ဘယ်ကောင်မနဲ့အကြည်စိုက်နေလို့ ကျွန်တော့်ကိုလာကြိုဖို့တောင်မအားရတာလဲဗျ😣"

Yeollie မျက်နှာမှာဒေါသထွက်လွန်း၍ ပါးလေးတွေပင်ရဲနေသည်...
ဒေါသထွက်တယ်နော် Yeollie အားကျိဒေါသထွက်တယ်...

နေ့တိုင်းလာကြိုနေကြကို ကိုကိုက driver ကိုလာကြိုခိုင်းတယ်...ပြီးတော့ ဖုန်းလေးတစ်ချက်တောင် မဆက်ရပါပဲ ဘာတွေလုပ်နေလို့ Yeollie ကိုဂရုမစိုက်ပဲပစ်ထားရတာလဲ?

••Oxygen••Where stories live. Discover now