"Appa!Omma!ကျွန်တော်လာတယ်"
အိမ်ထဲပင်မရောက်သေး အော်ဟစ်ခေါ်နေတဲ့ yeollie ရဲ့အသံစူးစူးလေးကြောင့် မိဘတွေထွက်လာကြလေသည်
"ဟယ် Baekhyunnie လေးတို့ပါလား?"
"Nae Amoni yeollie လေးကလာလည်ချင်တယ်ဆိုလို့"
"Omma!ခိခိ"
အမေဖြစ်သူရင်ခွင်ထဲတိုးဝှေ့ကာချွဲနေသော ကလေးပေါက်စကြောင့်ယောက္ခမကြီး ရယ်နေလေသည်
"လာသား အထဲဝင်လေ "
"Nae Arpugyi"
Baekhyun Arpugyi နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည် ဟိုကလေးကိုကြည့်တော့ ချွဲလို့ကောင်းနေတုန်းရယ်
"သားတို့အလုပ်တွေရောအဆင်ပြေရဲ့လား?"
"ဒီလိုပါပဲ Arpugyi ရယ် "
"မင်းအလုပ်ကရပ်ဆိုင်းခံထားရတယ်ဆို"
"Nae Arpugyi အရေးကြီးတဲ့စာရွက်စာတမ်းတွေပျောက်သွားလို့လေ"
"သြော် အေးပေါ့ကွယ် တစ်ခါတစ်လေအမှားဆိုတာလည်းရှိဦးမှာပေါ့"
သူတို့စကားကောင်းနေတုန်း chanyeol ရောက်လာကာသူ့ဘေးဝင်ထိုင်လိုက်ပြီး လက်မောင်းကိုဆွဲယူကာမှီထားလေသည် သူလဲကလေးလေးဇက်နာမှာစိုး၍ ခေါင်းအုံးလေးခံထားပေးလိုက်တယ်
"ဘယ်လိုလဲ?Chanyeollie တစ်ယောက်ဆိုးမှဆိုးရဲ့လား?"
"အာ Appa ကလဲ မဆိုးပါပု သားကလိမ္မာပါတယ် ဟုတ်တယ်နော် ကိုကို?"
"ဟုတ်တယ် Arpugyi ကလေးကသိပ်လိမ္မာတာ ကျွန်တော့်ကိုအနိုင်ကျင့်တာပြောမနေပါနဲ့"
Baekhyun ရယ်ကာစတော့ Chanyeol နှုတ်ခမ်းလေးဆူသွားလေသည် စိတ်ကောက်သည့်သဘော
"ကိုကိုနော်"
မျက်စောင်းလှလှလေးတွေပိတ်ထိုးနေတဲ့ ကလေးလေးရယ်...ကြည့် အဲ့တာတွေအသည်းယားတာ
"ကလေးလေး"
"ဆိုးတယ်ဆို?လာခေါ်နဲ့"
"မိဘတွေရှေ့မှာစိတ်မကောက်ရဘူးလေ"
"သိပု ကိုကို့ကိုခေါ်တော့ဝူး Omma နဲ့ပဲအိပ်မှာ"
"ရော် ခက်ပြီ ကလေးလေးမရှိရင်ကိုကိုကဘယ်သူ့ကိုချော့သိပ်ရမှာလဲ?"
أنت تقرأ
••Oxygen••
العاطفيةကလေးက ကိုကို့ရဲ့ oxygen လေး... (warning:Chanyeol uke!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee