Ep:19

4.7K 344 29
                                    

Baekhyun ကလေးလေးနောက်ပြေးလိုက်သွားတော့ ကောင်လေးအခန်းထဲပြေးဝင်သွားသည်မို့ သူလဲလိုက်ဝင်သွားရတယ်

"ကလေး..."

သူ့ခေါ်သံကိုဂရုမစိုက်ပဲ စောင်ခေါင်းမြှီးခြုံကာဟိုဘက်လှည့်အိပ်နေတဲ့ကောင်လေးကြောင့် Baekhyun သက်ပြင်းချမိတယ်

ကလေးလေးဘေးမှာဝင်ထိုင်လိုက်ပြီး ကိုယ်လုံးလေးကိုဆွဲထူကာ ရင်ခွင်ထဲထည့်လိုက်တော့ အလိုက်သင့်လေးပါလာလေသည်

သူငုံ့ကြည့်မိတော့ ရင်ခွင်ထဲတိုးဝင်ကာ တရှုံ့ရှုံ့ငိုကြွေးနေတဲ့ချစ်ရသူလေးရယ်...Baekhyun စိတ်ပူရလေပြီပေါ့

"ကလေး ဘာဖြစ်လို့လဲဟင်?ဘာလို့ငိုနေတာလဲ?"

သူမေးတာကိုဘာမှပြန်မဖြေဘဲ ရှိုက်သံလေးတွေသာထွက်နေတဲ့ ချစ်ရသူလေးကြောင့် Baekhyun မနေနိုင်တော့ပါ...

"ကလေး ဘာလို့ငိုနေတာလဲ?ကိုကို့ကိုပြောလေကွာ...ကိုကိုဘာအမှားလုပ်မိလို့လဲဟင်?"

"ကိုကို ကျွန်တော့်ကိုမချစ်တော့ဘူးမလား? *sob"

"ဘာလို့အဲ့လိုတွေးရတာလဲ ကလေးရယ်...ကိုကိုကကလေးကိုအရမ်းချစ်တာကို"

ဆံပင်လေးတွေကိုသပ်တင်ပေးရင်း ပြောတော့ မယုံသလိုနဲ့ ဖုန်းကိုထုတ်ကာ ဓာတ်ပုံတစ်ခုကိုထုတ်ပြလာတဲ့ကလေး...

"အဲ့တာဆို ဒါကဘာလဲကိုကို?"

Chanyeol ပေးတဲ့ဓာတ်ပုံကို Baekhyun ယူကြည့်မိလိုက်တော့ ကောင်လေးတစ်ယောက်ကို သူဖက်ထားသည့်ပုံဖြစ်သည်

ထိုကောင်လေးကကျောခိုင်းထားသည်မို့ မျက်နှာကိုမမြင်ရ...ပို့ထားတဲ့စာကတော့...

*Baekhyun  ကငါ့ချစ်သူ...မင်းလုသွားလို့သူနဲ့ငါကွဲသွားရတာ မကျေနပ်ဘူး

"ဒါဘယ်သူပို့ထားတာလဲကလေး?"

"အဲ့တာ ကိုကို့ ကိုမေးရမှာလေ ကိုကိုတစ်ခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာမလား? T~T ကိုကိုရက်စက်တယ်"

"မဟုတ်ဘူးကလေး အဲ့လိုမဟုတ်ဘူးလေ ကိုကို..."

"ဘာဆင်ခြေမှလာပေးမနေနဲ့ ကိုကို့ကိုမုန်းတယ်!သွား! ကျွန်တော့်နားလာမနေနဲ့ "

••Oxygen••Tahanan ng mga kuwento. Tumuklas ngayon