23

2.6K 134 1
                                    

"ကိုကို!ကိုကိုရေ!"

"လာပြီ..ကလေး"

Baekhyun တစ်ယောက်မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေတုန်း ကလေးပိစိရဲ့ခေါ်သံကြောင့် အပြေးလွှားထွက်လာရသည်...

"ဘာဖြစ်လို့လဲကလေး"

လက်လေးယပ်ကာ သူ့နားလာရန်ပြောသောကြောင့် Baekhyun လျှောက်သွားတော့ ပိစိတစ်ယောက်က သူ့လည်ဂုတ်မှချိတ်တွယ်ကာ သူ့ပါးပြင်ကိုအနမ်းဖွဖွပေးလေတယ်...

"ခိခိ Wuri yeobo မောနေပြီ"

"Aigoo...လိမ္မာလိုက်တာ"

"ကျွန်တော်ဘာဝိုင်းလုပ်ပေးရမလဲ ကိုကို"

"Gwinchana ကလေးထိုင်နေ...ကိုကိုပဲလုပ်ပေးပါ့မယ်ဗျာ"

"ဟီး ချစ်ဖို့ကောင်းလိုက်တဲ့ wuri yeobo"

Baekhyun ခေါင်းတခါခါဖြင့်ရယ်နေသည်... ချွဲတတ်လိုက်တာကလေးရယ်... အချစ်ပိုအောင်သိပ်လုပ်တာပဲ...

~TingTong

"ဘယ်သူလာတာလဲမသိဘူး...ကိုကိုသွားကြည့်လိုက်ဦးမယ်နော် ကလေး"

"Nae ကိုကို"

Baekhyun တံခါးဖွင့်ပေးလိုက်တော့ တံခါးပေါက်ရှေ့ခန့်ခန့်ကြီးရပ်နေတဲ့ Yixing နဲ့ သူ့လက်ကိုမြဲမြဲကိုင်ထားတဲ့ ကလေးလေးလေးတစ်ယောက်...

Xing ဆိုတာက Yeol ရဲ့အစ်ကိုတစ်ဝမ်းကွဲ...ဒါပေမဲ့ Baekhyun နဲ့အသက်တူတူဖြစ်သလို ကျောင်းနေဖက်သူငယ်ချင်းတွေရယ်...

"အော် Xing လာလေ"

Xing အထဲဝင်လာတာတွေ့တော့ Yeol က အတင်းပြေးဖက်သည်....

"Hyung!"

"Aigoo ကလေးပေါက်လေး"

"Hyung လာလည်တာလား?"

"အင်းပေါ့...Park Chanyeol တစ်ယောက်ယောကျာ်းရပြီးကတည်းက မျက်နှာကိုမတွေ့ရတော့ဘူး...အဲ့တော့လည်း ကိုယ့်ညီကိုလွမ်းတဲ့ Hyung ကပဲလာတွေ့ရတာပေါ့"

"ဟီး Hyung ကလဲ...ကျွန်တော်ကလာမတွေ့ချင်လို့မဟုတ်ပါဘူး အိမ်မှုကိစ္စတွေနဲ့မအားလို့ရယ်😥"

ရှုံ့မဲ့မဲ့လေးပြောလာသောကြောင့် Yixing ပါးချိုင့်လေးတွေပေါ်သည်အထိရယ်သည်...သူ့လက်ကိုကိုင်ထားတဲ့ကောင်လေးကတော့ Yeol ကိုမျက်စောင်းလေးတွေပစ်ကျွေးနေတာ မမြင်ကြ...

••Oxygen••Onde histórias criam vida. Descubra agora