29

1.8K 118 0
                                    

"ကိုကို...Arpugyi ကိုပြန်တောင်းပန်လိုက်ပါနော် ကျွန်တော် သူခိုင်းတာလုပ်ပေးပါ့မယ်"

ခေါင်းလေးငုံ့ကာပြောလာသော Yeollie ကို Baekhyun အသာပြုံးပြကာ ဆံပင်လေးတွေအားဆွဲဖွလိုက်သည်...

"Wae?ကလေးကကြောက်လို့လား?ကိုကိုနဲ့ နှစ်ယောက်တည်းရင်ဆိုင်ရမှာကို"

"အာ...ဘာလို့ကြောက်ရမှာလဲ ကိုကိုတစ်ယောက်ပဲကျွန်တော့်အတွက်လိုတယ်"

"အဲ့တာဆို ဘာမှမပြောနဲ့တော့...ကိုကိုသဘောမတူဘူး ဟုတ်ပြီလား?"

Chabyeol ဘာမှမပြောတော့ပဲ ဟင်းချက်နေသည့်ကိုကိုအား စိုက်ကြည့်နေမိတယ်...

ကိုကိုကအရမ်းပြတ်သားတယ်
ကိစ္စတစ်ခုလုပ်မယ်ဆိုရင် ဘယ်တော့မှနောက်မဆုတ်တတ်ဘူး...
အခုလဲအိမ်ပေါ်ကဆင်းမယ်ဆိုတဲ့အတိုင်း တကယ်ဆင်းပြီး ကိုကိုဝယ်ထားတဲ့အိမ်မှာသွားနေကြတာလေ...

သူ့ကြောင့်ကိုကိုစိတ်ညစ်နေရပြီလား??

Chanyeol သက်ပြင်းချကာ Baekhyun ကိုအနောက်မှသိုင်းဖက်ထားလိုက်သည်...

"ကလေးလေး...လာချွဲနေတာလား?"

"ကိုကို..."

"အင်း"

"အရမ်းချစ်တယ်"

"ကိုကိုလဲချစ်တာပေါ့"

Chanyeol ဖက်ထားတော့ Baekhyun ကသူ့လက်ကလေးတွေကိုအုပ်မိုးကာ ဆုပ်ကိုင်လာသည်...

"ဘာတွေစိုးရိမ်နေတာလဲ ကလေး? "

"ကိုကိုကျွန်တော့်ကိုစိတ်ကုန်သွားမှာကြောက်လို့"

"ကလေးကိုချစ်လွန်းလို့ ဒီကိုတောင်ရောက်လာပြီပဲ...
ဘာတွေစိတ်ပူနေတာလဲကွာ?"

Baekhyun ဒီဘက်လှည့်လာကာ Yeollie လေးကို ရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်...

"ကိုကိုကလေ...ကလေးကိုသိပ်ချစ်တာသိလား?ကိုကိုလေ...ကလေးပင်ပန်းမှာမုန်းတယ်...ကလေးငိုတာမကြိုက်ဘူး ကလေးကိုပျော်စေချင်တယ် ကလေးမလုပ်ချင်တာတွေလုံးဝမလုပ်စေရဘူး ကလေးလိုချင်တာတွေဖြည့်ဆည်းပေးချင်တယ်...ကိုကိုကကလေးကို အမြဲဂရုစိုက်ပြီးစောင့်ရှောက်ချင်တာသိလား?"

••Oxygen••Where stories live. Discover now