Ep:14

5.9K 380 9
                                    

"Ummm~~"

Baekhyun သူ့ရင်ခွင်ထဲကအိပ်ပုတ်လေး ပျင်းကြောဆန့်နေတာကိုပြုံးပြီးသာကြည့်နေမိသည် ခုထိကြမ်းပြင်ပေါ်အိပ်နေတာတောင် သတိရပုံမပေါ်

မျက်လုံးမဖွင့်ပဲဟိုစမ်းသည်စမ်းပြီးနောက် သူ့ရင်ခွင်ထဲအတင်းတိုးဝင်လာလေသည်

"ကလေးလေး"

"Ummm~~ ခဏအိပ်ဦးမယ်ဗျာ နိုးနဲ့"

"မဟုတ်ဘူးလေ ကလေးအိပ်ချင်ရင်ကုတင်ပေါ်တက်အိပ်ပါလား?ကြမ်းပြင်မှာဆိုတော့အေးလိမ့်မယ်"

"အန်?"

ပြူးကြောင်ကြောင်လေးမော့ကြည့်လာပြီးမှ ဘေးဘီကိုဝေ့ဝဲကြည့်ကာ

"အာ ဟုတ်သားပဲ ဟီးဟီး"

အိပ်ယာနိုးခါစဝက်ပေါက်လေး Ageyo တွေထုတ်သုံးနေလေသည် အသည်းယားယားနဲ့ဆွဲညှစ်ပစ်ချင်တာရယ် အဲ့ဝက်ပေါက်လေးကို

"အ့"

ကလေးလေးသူ့လက်မောင်းပေါ်ကထလိုက်တော့ နာကျင်မှုတစ်ခု...chanyeol အကြာကြီးခေါင်းအုံးထားသဖြင့် Baekhyun လက်တစ်ခုလုံးသွေးမလျှောက်ပဲ ထုံကျင်နေသည်လေ

"ကိုကို ဘာဖြစ်လို့လဲ?လက်နာလို့လားဟင်?"

"အာ ကိုကိုဘာမှမဖြစ်ပါဘူး ကလေးရဲ့"

"ကျွန်တော့်ကြောင့်ကိုကိုလက်နာနေပြီမို့လား? :( "

ဟောကြည့် သူ့ကြောင့်ဆိုပြီးမျက်နှာလေးညှိး
သွားလိုက်တာ...Baekhyun ဆိုတာလည်း Chanyeol မျက်နှာနည်းနည်းလောက်ညှိုးတာနဲ့ မနေနိုင်သူမို့ ကလေးလေးပြုံးအောင်ချော့ရတော့သည်

"ကလေးကလဲ ကိုကိုတကယ်မနာပါဘူးကွာ ဒီမှာကြည့်ဘာမှမဖြစ်ဘူးတွေ့လား?"

နာကျင်နေသောလက်မောင်းကိုအံတုရင်း နှုတ်ခမ်းကိုသာဖိကိုက်ကာလှုပ်ရမ်းပြလိုက်မှ ဟိုကလေးကမယုံချင်သလိုပုံစံလေးနဲ့

"တကယ်လား?"

"အင်းပေါ့"

စိတ်ချသွားဟန်တူတဲ့ကလေးလေး ရဲ့ပါးဖောင်းဖောင်းကိုအနမ်းခြွေကာ

"Wuri ကလေးလေးကကိုကို့ကိုစိတ်ပူလို့လား?"

"ပူတာပေါ့ဗျ ကိုကို့ကိုကျွန်တော်ကအရမ်းချစ်တာကိုးလို့"

••Oxygen••Where stories live. Discover now