38

2K 164 15
                                    

Baekhyun နိုးလာတော့ မိမိဖက်အိပ်နေကြ ကိုယ်လုံးလေး အနားမှာမရှိတော့ချေ...

ရုတ်တရပ်မို့စိတ်ပူသွားတာကြောင့် ချက်ချင်းထထိုင်ကာ ကလေးလေးကိုလိုက်ရှာရတော့တယ်...

"ကလေးရေ!Yeollie!ဘယ်သွားနေတာလဲ...ကလေးလေးရေ"

ဒုက္ခပါပဲ...

ဒီလောက်မနက်အစောကြီး ဘယ်ထထွက်သွားတယ်ရယ်မသိ...

စိတ်ပူလွန်း၍ဘာလုပ်လို့လုပ်ရမှန်းပင် မသိတော့ချေ...

"ကလေးရေ..."

"ကိုကို..."

သူအောက်ထပ်ပြေးဆင်းလာတော့ ဟော..တွေ့ပီ...

ညအိပ်ဝတ်စုံလေးနဲ့ပင် အောက်ထပ်ရောက်နေတဲ့ပေါက်စ...

Baekhyun ကောင်လေးကို အမြန်လေးပြေးကာ ထွေးပွေ့ထားမိပါသည်...

"အင့် ကိုကို!"

သူ့ကိုဖက်လို့ မျက်နှာလေးမဲ့ပြီး နှုတ်ခမ်းလေးထော်ကာ ကြည့်တဲ့ပေါက်စ...

Baekhyun ကောင်လေး ခါးသွယ်သွယ်လေးကို အတော်တင်းတင်းလေး ဖက်ထားမိပါသည်...

"ဘယ်တွေသွားနေတာလဲပေါက်စရာ... ကိုယ်စိတ်ပူလို့ရူးတော့မယ်သိရဲ့လား"

"အယ်...ကျွန်တော်ဒီမှာပဲရှိနေတာပါ ကိုကိုရဲ့"

Baekhyun သည် ကောင်လေးပေါက်စကို ဧည့်ခန်းထဲခေါ်လာ၍ ဆိုဖာတွင်ထိုင်စေသည်...

ကောင်လေးက မခုတ်တတ်တဲ့ကြောင်ရုပ်လေးနဲ့ သူ့ကိုအူကြောင်ကြောင်လေး ကြည့်နေရှာတာ...

"ပြောပါဦး ကိုကို့ ကိုမနိုးဘဲဘာလို့အစောကြီးထနေရတာလဲ"

"အွန်းးး ကျွန်တော်အိမ်သန့်ရှင်းရေး လုပ်နေတာပါကိုကို"

"အိမ်သန့်ရှင်းရေး?"

Baekhyun အခုမှ ပတ်ဝန်းကျင်ကို သတိထားမိပါသည်...
ညက ကလေးလေးဖွထားတဲ့ ကစားစရာတွေက အကုန်နေရာတကျရှိနေပြီး အိမ်လေးကလဲသန့်ရှင်းလို့ရယ်...

"ဒါတွေ ကလေးလေးလုပ်ထားတာလား?"

Baekhyun မေးတော့ ကောင်လေးက ပါးပြင်နုနုလေး ပန်းရောင်သန်း၍ ခေါင်းလေးငြိမ့်ပြသည်...

••Oxygen••Where stories live. Discover now