36

2.5K 198 18
                                    

Baekhyun ကောင်လေးပိစိကိုနှိုးရန် အပေါ်ထပ်တက်လာသည်...
အိပ်ယာပေါ်မှာ အဝတ်မဲ့တဲ့ကိုယ်လုံးလေးက စောင်အဖြူရောင်တွေကြား မြုပ်လို့နေတယ်

"ကလေးရေ ကိုယ့်ကလေးလေး ထတော့လေ..."

Baekhyun အနားတွင်ထိုင်လိုက်ကာနိုးတော့ ကောင်လေးမျက်လုံးလေးပွင့်လာကာ သူ့ကိုမြင်တော့ မျက်နှာလေးမဲ့သွားတယ်

"ကိုကို..."

"ဟင်?ကလေးဘာဖြစ်လို့လဲ?"

"ကလေး နာတယ် 😢"

ရင်ခွင်ထဲတိုးဝင်ကာ သူနာလို့ချွဲနေတဲ့ ကလေးလေး...Baekhyun မနေနိုင်ဖြစ်ရပြီပေါ့...

"အရမ်းနာနေလားဟင် ကလေး?ကိုကို တောင်းပန်ပါတယ်...ကိုကို့ကြောင့်..."

ညက ထိန်းချုပ်ထားတဲ့ အသိစိတ်တွေလွတ်ထွက်သွားကာ တစ်ညလူံးချစ်ရည်လူးခဲ့သည်မို့ ကလေးပိစိနာကျင်နေတာ...

သူကလူကြီးဖြစ်လို့ နဲနဲဆင်ခြင်သင့်တာကို အခုတော့ ကလေးလေး ခံစားရပြီ...

ကောင်လေးပိစိကတော့ သူ့ရင်ခွင်ထဲသာတိုးဝင်နေပြီး ကိုယ်လေးကငြိမ်သက်လို့နေသည်

"ကိုကို တောင်းပန်ပါတယ်ကလေးရယ်...အရမ်းနာနေလား?"

"ကိုကို..."

"အင်းကလေး ပြောလေ"

"ကလေးနာတာကိုမကြောက်ဘူးသိလား?"

"ဟင်?"

"ကလေးကို ကိုကိုထားသွားမှာ ပိုကြောက်တယ်...ကလေးခွင့်မပြုလို့ ကိုကိုစိတ်ကုန်သွားမှာ ပိုကြောက်တာ"

"ကလေးရယ်...ကိုကိုကလေ ကလေးကိုဒါကြောင့်ချစ်တာမှမဟုတ်တာ ကလေးဆိုတဲ့ဖြစ်တည်မှုလေးကို အမြတ်တနိုးချစ်ခဲ့တာလေ... ကိုကို့အတွက်ဒါတွေခွင့်မပြုပေးရင်တောင် အမြဲချစ်နေမှာသိရဲ့လား"

"တကယ်လားဟင်?"

"အင်းပေါ့ နောက်ဆို ကိုယ့်ကိုခွင့်မပြုလဲရပါတယ်...ကလေးနာနေတာကိုကိုယ်ပိုမုန်းတယ်"

Baekhyun ၏ယနေ့အလုပ်သည် ကောင်လေးကိုဂရုစိုက်ရန်သာဖြစ်သည်...

ဆိုင်ကိုလဲ Kris ဆီဖုန်းဆက်မှာထားကာ Yeollie ကို အစစအရာရာအတင်းဂရုစိုက်နေပါသော Baekhyun...

••Oxygen••Where stories live. Discover now