ကြယ်စင်တန်း လက်လှမ်းမမှီ

6.6K 296 89
                                    

အပိုင်း နှစ်ဆယ့်ရှစ်

ကြယ်စဉ်တန်း လက်လှမ်းမမှီ

သံယောဇဉ် လက်တစ်ကမ်းကို မမှီတမှီလှမ်းလို့၊ တုံးခုပြီးခူးရအောင် ချစ်သူလိုချင်တာက ကြယ်တာယာအစုအဝေး။ ငါပေးနိုင်တာက ဒဏ္ဋာရီလာ ပုံပြင်တစ်ချို့။

မဆုံးစည်းလိုက်ရတဲ့ ချစ်သူတွေ ကောင်ကင်မှာ ကြယ်ဖြစ်သွားကြောင်း ပုံပြင်ဟာ ငါ့ချစ်သူအကြိုက်ဆုံးပဲ။ ခဏခဏ ငါပြောဖြစ်ခဲ့တယ်။

ရင်နဲ့ရင်းပြီးမှ ထွက်ပေါ်လာတဲ့ အချစ်ပုံပြင်တွေကို လိုလိုလားလား ပိုက်ထွေးခဲ့ရလို့ မျှော်လင့်ချက်ဟာ နေရောင်လိုဖြာထွက်၊ တနေ့တာရဲ့အဆုံးမှာ ငါတွေးခဲ့ရပြီ။ ဒီနေ့အတွက် ပုံပြင်တစ်ပုဒ် ဘယ်လိုခေါင်းစဉ်တပ်ရမလဲ။

ယုံကြည်ချက်နဲ့ ဦးခေါင်းကိုမော့လိုက်တော့ ဟိုး...ကောင်းကင်က ငါမြင်နေရတဲ့ကြယ်၊ သီးခြားဆန်တဲ့ အကွာအဝေးကြား ငါတို့နီးခဲ့ကြတယ်။ ငါတို့ ထပ်မဝေးသွားဘူး။

...........

ကိုယ်ပိုင်စီးပွားရေးတစ်ခုကို တည်ထောင်ရန်မှာ သုခပြည့်လျှံ၏ စိတ်အားအထက်သန်ဆုံး အိပ်မက်ကလေးတစ်ခုပင်ဖြစ်သည်။ ထိုအိပ်မက်ကလေး တဖြေးဖြေး ရုပ်လုံးပေါ်လာချိန်မှာတော့ ရလာသောပီတိသည် ဘာနှင့်မှပင် မလဲနိုင်။ ရိုးရှင်းစွာပင် "အမှတ်တရ"ဟုအမည်ပေးထားသော မြန်မာ့လက်မှုနှင့် လက်ဆောင်ပစ္စည်းဆိုင်လေးအား ပြင်ဆင်မှုအချိန် စုစုပေါင်းငါးလအကြာတွင် ဖွင့်လှစ်နိုင်ခဲ့သည်။

မြန်မာ့လက်မှုအတတ်ပညာဖြစ်သော ပန်းဆယ်မျိုးနှင့်ဆက်စပ်သည့် မြန်မာမှုသုခုမ ပစ္စည်းများ၊ ရွှေချည်ထိုး၊ ငွေချည်ထိုး ဖောင်းကြွပန်းချီကားချပ်များအပြင် ရေဆေး၊ ဆီဆေး ပန်းချီကားချပ်အမျိုးမျိုးကို အဝါရောင်မီးဆိုင်းများအောက် စီကာရီကာ ချိတ်ဆွဲခင်းကျင်းပြသထားသည်မှာ လွမ်းဆွေးတမ်းတဖွယ် ခံစားမှုတစ်မျိုးနှင့် ဆွဲဆောင်မှုရှိနေသည်။ အခန်းအတွင်းပိုင်း ပြင်ဆင်ရေးကို လက်ဆောင်အဖြစ် လင်းက တာဝန်ယူပေးမယ်ဟု ပြောခဲ့စဉ် သုခလှည့်မကြည့်တော့ပေ။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now