လှိုင်း

25.1K 861 32
                                    

အပိုင်း တစ်

လှိုင်း

အတိတ်ဟာ ကမ်းကပ်တဲ့ရေလှိုင်းတွေလို
မသိမသာ ထွက်သွားပြီးမှ
ပြင်းပြင်းထန်ထန် ရိုက်ခတ်ဖို့အတွက်
သူ့ဆီနောက်တစ်ခေါက် ပြန်လာခဲ့တယ်။

-----

တိတ်ဆိတ်သော ညအလယ်တွင် ထွက်ပေါ်လာသော ခါးပတ်သံနှင့်အတူ အံကြိတ်ထားသော ရှိုက်သံတစ်စွန်းတစ်စကို ရောင်နေ ကြားနေရသည်။ ရိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသော်လည်း ဘယ်နေရာကလဲ ဘယ်မှာလဲ။ အလုံပိတ်ထားသည့် နှစ်ထပ်အိမ်ကြီးအတွင်းထဲ ထပ်သလဲလဲပဲတင်သံတွေဟာ ဘယ်ကလာသလဲဟု သူကိုယ်တိုင် အနိုင်နိုင် စဉ်းစားနေသော်လည်း သူ့မျက်လုံးတွေက အခန်းတွင်းမှာ ရှိမနေခဲ့။ ခြောက်ကပ်ကပ် ခြံမျက်နှာစာကို ကြည့်ရင်း ရင်ထဲ ဆူးတစ်ချောင်း ထိုးစိုက်နေသလို အောင့်သက်စွာ နာကျင်မှုတွေ အထပ်ထပ်အခါခါ ရုန်းထလာရ၏။

ကြေကွဲစူးနစ်စွာ အော်မြည်လိုက်သော ညဉ့်ငှက်တစ်ကောင်၏ အသံက သူ့ရင်ကို ဖောက်ထွက်သွားသလို၊ သတ္တိမရှိခဲ့ခြင်းအတွက် ကျွန်တော်တောင်းပန်ပါတယ်။ အရာရာအတွက် ကျွန်တော်တောင်းပန်ပါတယ်။ တိုးညင်းစွာ ဆိုလိုက်သည်။

"တစ်ဦးဝေ"

သို့သော် တစ်စုံတစ်ရာက ပိတ်ဆို့နေခဲ့သလို သူ့အသံက လည်ချောင်းမှာတင် ရပ်တန့်သွားပြီး ထွက်မလာခဲ့တော့။ မွန်းကျပ်စွာ ရှုထုတ်နေရသည့် ဝင်လေထွက်လေက စည်းချက်မမှန်။ ထပ်ပြီး နောက်တစ်ခါ အသံက လည်ချောင်းဝမှာတင် စို့နှစ်နေခဲ့သည်။

ကျွန်တော် မရှိတာပဲကောင်းမယ်ထင်တယ်နော်တဲ့။

မဟုတ်ဘူးလေ တစ်ဦးဝေ ကလေးဘာတွေပြောနေတာလဲ။ ကိုကို ကလေးကို လိုအပ်တယ်လေ။

ပြောမယ်လို့ စီထားခဲ့သော သူ့စကားတွေက အပြင်သို့ ထွက်အံကျလာခြင်းမရှိ။ ငိုကြွေးနေသော မျက်ဝန်းငယ်တွေကို နှစ်သိမ့်ပေးနိုင်စွမ်း တစ်စုံတရာ အသည်းအသန် သူ ရှာခဲ့သေးသည်။ ပြီးတော့ နှုတ်ဆိတ်ခြင်းတွေနဲ့သာ သူ ကျရှုံးခဲ့ရသည်။ ဘုန်းရောင်နေလင်းဆိုသည့် သူ သတ္တိမရှိခဲ့တာပါ။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now