အမှောင်

3.4K 342 29
                                    

အပိုင်း ရှစ်

အမှောင်

လူတွေဟာ အမှောင်နဲ့ထဲထဲဝင်ဝင် ဖြစ်လာနေပြီလို့ ပြောရင် ကျွန်တော်က ထူးပြီးအံ့ဩသွားမှာ မဟုတ်ဘူး။ ဘဝဟာ အမှောင်မှာ ရင်းနှီးကျွမ်းဝင်ဖို့ အလွယ်ကူဆုံးပဲ။ မျက်ရည်တွေအပြင် တခမ်းတနား ပေးဆပ်ရတာဘာမှမရှိ။

......................

"ဘုန်းရောင်နေလင်း "

ခပ်လှမ်းလှမ်းမှ ခြေလှမ်းကျဲများဖြင့်လာနေသော အမျိုးသမီး၏ အံကြိတ်၍ အော်ခေါ်သော လေသံသည် ရောင်နေ့နားထဲ စူး၍ဝင်လာသည်။ ထိုအမျိုးသမီးသည် ထဘီအစွန်းကို ဘယ်ဘက်လက်ဖြင့် မ,တင်ထားကာ ခပ်မြန်မြန်ခြေလှမ်းများဖြင့် သူရှိရာတည့်တည်ဆီ လျှောက်လာသဖြင့် ရောင်နေကြောက်စိတ်ကြောင့် ရင်တွေခုန်လာသော်လည်း တွဲထားသော လက်နှစ်ဖက်ကို ပိုမိုတင်းနေအောင် ဆုပ်ကိုင်လိုက်သည်။ ဒီတစ်ခါ ဘယ်လိုအကြောင်းမျိုးနဲ့မှ ကလေးကို ပြစ်မထားခဲ့ဘူး။ ဟုတ်တယ် ကာကွယ်ပေးမည်ဟူသော ဆုံးဖြတ်ချက်ကို စိတ်ထဲပိုင်ပိုင်နိုင်နိုင် ချလိုက်နိုင်ပြီးနောက် ရောင်နေ အားလုံးကို ရင်ဆိုင်ရန်အတွက် တစ်ဦးဝေ၏ရှေ့တွင် မားမားမတ်မတ် သူရပ်တည်လိုက်သည်။ တစ်ဦးဝေအတွက် အစ်ကိုကောင်းတစ်ယောက် ဖြစ်ပေးမည်ဟု သူဆုံးဖြတ်ခဲ့သည်။ သို့သော် သူ့အသက်သည် ထိုအချိန်က ဆယ့်သုံးနှစ်မျှသာ ရှိသေး၏။

"အခုလာစမ်း။ ငယ်ငယ်ဘာမှာထားလဲ။ ကိုယ့်နေရာနဲ့ကိုယ်နေလို့ မပြောထားဘူးလား။"

ကလေးနှင့်တွဲချိတ်ထားသော သူ့လက်ကို ဒေါ်ငယ်က ဆောင့်ဆွဲလိုက်သောအခါ အားမမျှသောကြောင့် ပြုတ်သွားရသည်။ အရှိန်ကြောင့် နောက်ပြန်လှဲကျသွားသော တစ်ဦးဝေသည် နဂိုကမှ အငိုသန်သော ကလေးဖြစ်သည့်နှယ် အသည်းအသန်ပင် အော်ငိုတော့သည်။ ရောင်နေ ပြေး၍ထူပေးမည်ပြင်တော့ ဒေါ်ငယ်က သူ့ကို အိမ်အကူတွေဆီ လွှဲလိုက်သည်။

"အခန်းထဲသော့ခတ်ထားလိုက်။ အပြင်မထွက်စေနဲ့။"

ဒေါ်ငယ်စကားအဆုံးတွင် ရောင်နေ သူ့ကိုဖမ်းချုပ်ထားသော အိမ်အကူနှစ်ယောက်ဆွဲခေါ်ရာနောက် ရုန်ရင်းကန်ရင်း အော်ဟစ်ရင်းပင် ပါသွားခဲ့သည်။ နောက်ကျောဆီမှ ဆယ်နှစ်သာရှိသေးသော တစ်ဦးဝေ၏ အော်ငိုသံမှာ ပိုး၍တိုးကာ ကျယ်လောင်လာခဲ့သည်။ တလိမ့်လိမ့်စီးကျလာသော မျက်ရည်များကို သုတ်ရန်ပင် မတတ်နိုင်ခဲ့ပါ။ သူ့လက်တွေကို ထိန်းချုပ်ခြင်းခံထားရသည်။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now