အပိုင်း တစ်ဆယ့်ခြောက်
ပျက်လုံး
လက်ကောက်ဝတ်ကို ဆွဲယူပြီး ဝဲဘက်ရင်အုံပေါ် ဖမ်းတင်လိုက်တယ်။ ဒီနေရာမှာ ဘာရှိလဲတဲ့။ အဖြေအမှန်က နှလုံးသားပဲဖြစ်ရမှာပေါ့။
မျက်လုံးတွေဆီကို တည့်တည့်ကြည့်လာပြီးနောက် ကွဲနေတဲ့ နှလုံးသားနဲ့ "မင်း"အတွက်အချစ်တွေပါတဲ့။
ငါ ခပ်တိုးတိုး ရယ်လိုက်တယ်။
...............
စားသောက်ဆိုင်မှာ သီးသန့်ယူထားသော အခန်းလွတ်တစ်ခုထဲ သုခ မှတ်စုစာအုပ်ဖြင့် အလုပ်ရှုပ်နေသည်။ ခွေးခြေခုံမှာ ချွတ်ထားသည့် ဘွတ်ဖိနပ်အဖြူရောင်လေးက တစ်ညီတစ်ညာတည်း၊ ပြောင်လက်အောင် တိုက်ထားသည့် ကြမ်းပြင်ရယ်၊ နံရံထက်ချိတ်ထားသော ပန်းချီကားတစ်ချို့ရယ်နှင့် စားပွဲခုံအစွန်းက ပန်းခက်ထွန်းထားသည့် ဇွန်းတူသေတ္တာ သေးသေးလေးတို့မှာ နေရာတကျ သန့်ပြန့်စွာ ရှိနေသည့်အပြင် ကိုရီးယားစားသောက်ဆိုင် ဖြစ်တာကြောင့် အခန်းအပြင်ဘက်ဆီမှ ဧည့်သည်တွေကို နှုတ်ဆက်နေကြသည့် ဝန်ထမ်းတွေရဲ့အသံကိုလည်း တစ်ချက်တစ်ချက် နားထဲကြားနေရ၏။
ကျွီခနဲ မြည်သွားသော ဘေးတွန်းသစ်သားတံခါးလေး ပွင့်သွားသည့်နောက် အခန်းထဲသို့ ဝင်လာကြသည်မှာ ကျော်စွာနဲ့ သက်လွင်ဖြစ်သည်။ သုခ နှစ်ယောက်လုံးကို လှမ်း၍ပြုံးပြလိုက်သည်။ နှစ်ယောက်လုံး မန္တလေးကို တာဝန်ကျနေတာကြာပြီ ဖြစ်ပေမယ့် အခုမှသာ အေးအေးဆေးဆေး တွေ့ဖြစ်ကြခြင်းဖြစ်၏။
သက်လွင်က အသားလေးညိုသွားတာကလွဲ အရင်လို ပိန်ပိန်သေးသေးလေးပဲ ဘာမှထူးထူးခြားခြား ပြောင်းလဲသွားတာမရှိ။ ကျော်စွာလည်း ထိုနည်းလည်ကောင်း မိန်းမရသွားတာကလွဲ ပြောင်းလဲမှုမရှိပေ။ ပြောရင်းဆိုရင်း ခွေးခြေခုံပေါ်က သုခဖိနပ်ကို တိုက်ချသွားပြန်ပြီ။ သုခမျက်လုံးပြူးပြလိုက်တော့ သက်လွင်ကရီသည်။
"လုပ်မနေနဲ့ ဒီကောင့်အကြောင်းမသိတာကျလို့။"
အဲ့ဒီတော့မှ မောင်ကျော်စွာက နောက်ပြန်လှည့်ကြည့်ပြီး ပြုံးဖြီးဖြီးနှင့် အောက်ကျသွားသည့် ဖိနပ်ကို ပြန်စီပေးနေ၏။
YOU ARE READING
လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)
Poetryငါ့အချစ်က အတ္တတွေ မကင်းပေမဲ့ မင်းကြိုက်တဲ့ အဖြူရောင်ပါ။ -လင်း-