မျောက်တစ်ကောင်ရဲ့ ငြီးတွားခြင်း

5.5K 456 19
                                    

အပိုင်း လေး

မျောက်တစ်ကောင်ရဲ့ ငြီးတွားခြင်း

တစ်စုံတစ်ယောက် သို့မဟုတ် ကိုယ့်ကိုယ်ကို

ဘယ်သူ့ကို အပြစ်တင်ရမလဲ လိုက်ရှာနေရင်း ကျွန်တော့်တို့မှာ အပြစ်တွေပုံလာခဲ့။ လောကကြီးကတော့ အလွတ်ကြီးခေါင်းရှောင်မယ် ကြံတယ်။ သူ့မှာ ဘာအပြစ်ရှိလို့လဲ။ လူတွေကသာ မကောင်းတာပါတဲ့။

အဲတော့လည်း ဒီလူတွေကိုပဲ အပြစ်တင်ကြတာပေါ့။

ကဲ ကြာပါတယ် ကျွန်တော်ကနေပဲ စလိုက်ပါတော့ဗျာ။

...............

နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သော ရှေးတိုက်အိမ်အိုထဲသို့ ဝင်ဝင်လာခြင်း သုခ ထိုအိမ်ကို ပထမဆုံးအကြိမ် ရောက်ဖူးခဲ့သော ခံစားချက်ကို ပြန်အမှတ်ရလိုက်၏။ စန္ဒာဆိုသည့် နာမည်အောက်မှာ ဖိုးရွှေလမင်းနှင့်ယုန်သူငယ်ပုံစံ ထွင်းထားသော အမှတ်အသားပါသည့် တံဆိပ်ကို ဤအိမ်၏ နေရာတိုင်းမှာ တွေ့ရပြီး တွေ့သည့်အကြိမ်တိုင်းလည်း သူ စက္ကန့်အနည်းငယ်တော့ ငေးကြည့်နေတတ်စမြဲ။

ကြောင်လိမ်လှေကားကြီးက မီးဖိုချောင်ဘေးမှာ တည်ရှိပြီး လက်ရန်းအဆုံးမှ သစ်သားတိုင်လုံးမှာလည်း လခြမ်းကွေးပေါ်က ပြေးနေသည့်ယုန်ပုံစံလေး ထွန်းထုထားပြန်၏။ စန္ဒာဆိုတာ ဘယ်သူလဲဆိုသည့် မေးခွန်းနှင့် ပတ်သက်ပြီး လင်း တစ်ကြိမ်တစ်ခါက ဖြေခဲ့ဖူးသည်။ ထိုအဖြေကြောင့်လည်း သုခ သိပ်ကို အံ့ဩသွားခဲ့ရဖူး၏။

သူ လှေကားပေါ်တက်နေရင်း ဧည့်ခန်းထဲမှ မေမေနှစ်ယောက်၏ စကားပြောသံများကို လှမ်းကြားနေရ၏။ သေချာနားထောင်ကြည့်ပါက ကျမ်းမာရေးအကြောင်းနှင့် ဘုရားတရားအကြောင်း။ လူကြီးတွေဆိုတော့လည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ နောက်ကွယ်မှလုပ်ချင်ရာလုပ် ဆုံရင်တော့ ဒါပဲပြောကြမှာပေါ့။ လင်းမေမေ မနွယ်က လင်းဖေဖေဦးထိန်လင်း၏ ပထမဇနီးမဟုတ်ဘဲ ဒုတိယဇနီးဖြစ်သည်။ ဒါပေမဲ့လည်း ပထမဇနီးသည်ဆုံးပြီးမှ ရခဲ့သည့်အိမ်ထောင်ဖြစ်လို့ ဖောက်ပြန်မှုတစ်ခုလို့တော့ မပြောနိုင်။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now