အပိုင်း(၁၆၆) မွေးပြီ ၊ ဓားတစ်ချောင်းဟ

155 32 0
                                    


“တော်လောက်ပြီ။ ငါမွေးလိုက်မယ် ၊ ဟုတ်ပြီလား။” မာလောင်မှာ ဒေါက်တာ၏ နောက်ဆုံး အကြံစကားကို ကြားလိုက်ရသော အခါတွင် ချွေးစေးများပျံသွား၏။ သူမသေချင်ပေ။

“ကောင်းပြီလေ .. ဒါဆိုရင်  ပုံမှန်အတိုင်းမီးဖွားမှာပေါ့ ၊ ဒါဆိုရင်တော့ ကြိုပြီးတော့ ဂုဏ်ပြုစကား ဆိုထားပါရစေ ၊ ဓားလေးတစ်လက်ကို ကျန်းကျန်းမာမာ၊ အန္တရာယ်ကင်းကင်းနဲ့ စောစောစီးစီးမွေးဖွားနိုင်လိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။” ဒေါက်တာလျှိုက လေးနက်သော အမူအရာဖြင့် အနောက်သို့ လျှောက်ထွက်သွားလေတော့၏။

မာလောင်ကမူ အခန်းထဲတွင် အော်ဟစ်ဆဲဆိုလျက် ကျန်ရစ်ခဲ့လေ၏။ “%လို စောစောစီးစီး မွေးရမှာလား ၊ ငါ .. အား၊ %ပဲ ..။”

ထိုစကားကို ကြားလိုက်ရသောအခါ ဒေါက်တာလျှိုမှာ ကြောက်လန့်တုန်လှုပ်သွား၏။ ဓားက ထိုမျှအထိ လျှင်မြန်စွာ ကြီးထွားလာလိမ့်မည်ဟု သူ မထင်ထားလေရာ စောစောစီးစီး ခွဲမွေးရန်အတွက် သူပြင်ဆင်လိုက်လေ၏။ သူနာပြုများ အဆင်သင့် မဖြစ်သေးခင်မှာပင် ထိုလူ၏ စူးရှကျယ်လောင်စွာ နာကျင်မှုကြောင့် အော်ဟစ်သံကို သူကြားလိုက်ရ၏။ ထိုလူများ၏ မျက်ဝန်းများက ပြူးကျယ်နေပြီး စိတ်ပျက်အားလျော့ဟန်က အတိုင်းသား ပေါ်လွင်နေ၏။

ဒေါက်တာလျှိုက ခြုံစောင်ကို လှစ်ဟ၍ ကြည့်လိုက်လေရာ .. သူတို့၏ စအိုဝမှ ပြူထွက်လာနေသော ဓားတစ်ချောင်းစီကို တွေ့လိုက်ရလေ၏။ ထိုဓားများက အေးစက်သော အလင်းရောင်ဖြင့် ​တောက်ပနေလေသည်။ သံမဏိ၏ အရည်အသွေးသည်ပင် အတော်အတန်ကောင်းမွန်သည်ဟု သတ်မှတ်နိုင်သည်။

ဒေါက်တာလျှိုမှာ တွေဝေနေလေပြီ။ သူ့ဆရာဝန် သက်တမ်း တစ်လျှောက်လုံးတွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို လုံးဝ မတွေ့ကြုံခဲ့ဖူးပေ။ ထိုအချက်ကား လုံးဝ စိတ်ကူး၍ မရနိုင်အောင်ပင်။ ထိုလူများ  ကျော်ကြားလာမည် မဟုတ်လျှင်တောင် တမင်ကျော်ကြားအောင် သူလုပ်မိလိမ့်မည်။ ထိုကဲ့သို့သော ထူးဆန်းပြီး ပဥ္စလက်ဆန်သော ကိစ္စမျိုးကိုလည်း သူသိချင်လှသည်။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now