အပိုင်း(၁၈၂) ခေါင်းမာချက်

127 23 0
                                    

“ဒီခံစားချက်က ကျုပ်ကို နေရခက်စေတယ် ၊ ခင်ဗျားဘာကို အမှန်တကယ်နားလည်ထားလဲဆိုတာ ကျုပ်သိချင်တယ် ၊ ခင်ဗျားဘာပြောခဲ့သလဲဆိုတာ ပြန်ပြောပြလို့ရမလား။”

ဖန်းကျန့်မှာ အံ့အားသင့်သွားရ၏။ မျောက်ကား သူ၏ တရားဟောသံကို ကြားပြီးနောက် ဉာဏ်အလင်းတစ်ကြိမ်ပွင့်သွားသည်နှင့် သူ့နောက်သို့ ကမန်းကတမ်းပြေးလိုက်လာလိမ့်မည်ဟု သူမထင် ထားခဲ့ပေ။ ယင်းတရားဟောကြားခြင်းက ဖန်းကျန့်၏ အထူးတရားဖြစ်သည်။ ထို့အပြင် ကုမုဒြာကြာပန်းဖူးပွင့်အောင် သူလုပ်နိုင်ခဲ့သည်ဖြစ်ရာ ဗုဒ္ဓတရားဟူသည် ဘာသာစကားနှင့် သက်ဆိုင်မှုမရှိကြောင်း သူနားလည်သွားရ၏။

ထိုအစား အနှီက စိတ်ဝိညာဉ်မှတဆင့် ဆက်သွယ်ပြောဆိုနိုင်သော အနေအထားတစ်ရပ်သို့ ရောက်ရှိသွားခြင်းပင်။ သူထုတ်လွှတ်လိုက်သော အသံက ဘာသာစကားမလိုအပ်။ ယင်းအသံသည်ပင် ဆက်သွယ်မှုတစ်ရပ်ပါတည်း။

ဖန်းကျန့်သည် နောက်ပိုင်းတွင် တရားကျမ်းဂန်များကို အပတ်တကုပ်လေ့လာထားသောကြောင့် သူ့အဖို့ အတော်များများကို သင်ယူမှတ်သားနိုင်ခဲ့သည်။ ထို့အပြင် အရှင်ကိုယ်တော်မြတ်ထန်စန်းသည် အနောက်အရပ်မှ ပြန်ကြွလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဘာသာစကားကွာဟမှုကြောင့် တရားတော်များကို ထိထိရောက်ရောက် မဖြန့်ဝေ၊ မဟောပြောနိုင်ခဲ့ပေ။

ထို့အပြင် တရုတ်ပြည်တွင် သာမန်လူများအဖို့ တရားဓမ္မကို လေ့လာလိုက်စားခြင်းဟူသည် မလွယ်ကူပေ။ အဘယ့်ကြောင့်ဆိုသော် တရားဓမ္မ လေ့လာလိုက်စားသူများကား မိမိတို့ဘာသာ ဉာဏ်အလင်းပေါက်သွားခဲ့ချိန် သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ရန် ကြိုးစားနေကြသူများဖြစ်သည့်အတွက် ၎င်းတိ့ဘာသာ ပြန်လည်တရားရှုမှတ်ရင်း အခြားသူများနှင့် ရောနှောရှုပ်ထွေးခြင်းမရှိကြ။

ထို့နောက် ဗောဓိဓမ္မအရှင်မြတ် ရောက်ရှိလာသော အခါတွင် သူရင်ဆိုင်ရသော ဘာသာစကား အတားအဆီးကို ချိုးဖျက်၍ တောင်ရိပ်ခို တရားထိုင်ကာ အတွေးအခေါ်ဇင်ကျောင်းတော်ကို ဖွင့်လှစ်ခဲ့ပေသည်။ ထိုကျောင်းတော်၌ ဘာသာစကားဟူ၍ မလိုအပ်။ ရေပြင်ကိုကြည့်၊ တောင်ကို ရှုမှတ်ကာဖြင့် ၎င်းတို့၏ လှုပ်ရှားမှုတိုင်းကို အလွတ်မပေးဘဲ လောကကြီးကို နားလည်သဘောပေါက်ရန်သာ ဖြစ်ပေသည်။ စားသောက်ခြင်း ၊ စိုက်ပျိုးခြင်း စသော လှုပ်ရှားမှုများသည်လည်း တရားကျင့်ကြံမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပေသည်။

ဗုဒ္ဓစနစ်(၂)Waar verhalen tot leven komen. Ontdek het nu