အပိုင်း(၁၉၄) ပြိုင်တူလုပ်ဆောင်မှု

116 21 0
                                    


ညဉ့်နက်ချိန်၊ လမင်းက ကောင်းကင်ထက်တွင် တွဲလွဲချိတ်ဆွဲနေပြီ ဖြစ်သလို ညတာသည်လည်း တည်ငြိမ်အေးစက်စွာ တရွေ့ရွေ့ကုန်ဆုံးလျက်။ 

နောက်တစ်နေ့ ရောက်ရှိလာပြီးနောက် ကောင်းကင် ထက်တွင် နေမင်းရာဇာက အရှေ့ အရပ်ဆီမှ ထွန်းလင်းလာခဲ့ချိန် အာကာယံတစ်ခွင်လုံး အပြာရောင်လှိုင်းများဖြင့် ခြယ်သထားသည်။ လေ​ညှင်းတို့လည်း တသုန်သုန်တိုက်ခတ်လာ၏။

 ဖန်းကျန့်သည် နိုးလာသည်နှင့် မျက်လုံးအစုံကို ဖျပ်ခနဲ ဖွင့်လိုက်၏။ သူ့မျက်ဝန်းထဲတွင် ရုတ်ခြည်းဆိုသလို နေက အရှေ့ရပ်မှ ထွက်လာပြီး မိုးကုပ်စက်ဝိုင်းတလျှောက် ပုဇွန်ဆီရောင်အလင်းတန်းများနှင့် တောက်ပနေသည်ကို တွေ့လိုက်ရ၏။ 

ဖန်းကျန့်မှာ သူ့ရင်ထဲတွင် တစ်စုံတစ်ရာက လင်းလက်သွားပါသလို ခံစားလိုက်ရ၏။ သူ့ခန္ဓာနှင့် ဝိညဉ်သည် အလွန်ပေါ့ပါးလန်းဆန်းနေ၏။ သူအလွန်ပျော်ရွှင်နေ၏။  ဖန်းကျန့်မှာ အောက်သို့ ငုံ့ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားတော့၏။ 

"ဘာတွေ ဖြစ်နေတာလဲ။ ဘာဖြစ်လို့ လူတွေအများကြီး ရောက်နေတာလဲ။"

 လီရွှယ်ယင်းနှင့် အခြားသူများမှာ မနိုးသေးပေ။ ကျောင်းဝင်းအဝင်ဝအနီးဖက်ရှိ အချို့လူများမှာလည်း အိပ်ပျော်နေကြဖြစ်သည်။ ဖန်းကျန့်မှာ ခေါင်းကုတ်လိုက်ပြီးလျှင် အနီးပတ်လည်သို့ လှည့်ကြည့်လိုက်၏။ တော်ပေသေးသည်။ မည်သည့် ကြာပန်းမှ မဖူးပွင့်လာသလို ကြီးကြီးမားမားအပြောင်းအလဲတစ်စုံတစ်ရာလည်း မဖြစ်ပွားခဲ့ချေ။ သို့နှင့် သူသည် သင်းကွဲဝံပုလွေ၏ နားရွက်ကို ဆွဲပြီးလျှင် ထိုတိရစ္ဆာန်သုံးကောင်နှင့်အတူ ပြေးထွက်သွားတော့၏။ 

ကျောင်းအတွင်းသို့ ရောက်သောအခါ ဖန်းကျန့်သည် ကျောင်းပရဝုဏ်ကို လှည်းကျင်း၍ သလင်းဆန်တစ်အိုးတည်လိုက်၏။ ထို့နောက် ထမင်းအိုး ကို စောင့်ကြပ်ရင်း သတင်းဖတ်ရှုလေ၏။

 ဖန်းကျန့် ထွက်သွားပြီးနောက်တွင် လီရွှယ်ယင်း နိုးလာလေ၏။  သူ(မ)သက်ပြင်းတချက်ရှိုက်လိုက်ပြီး မျက်ဝန်းများထဲ၌မူ စိတ်လက်ပေါ့ပါးမှုဖြင့် ကိန်းခိုလျက်။ သူ(မ)၏ စိတ်နှင့် ခန္ဓာအစုံမှာ ပေါ့ပါး သွက်လက်နေ၏။ ကျောဆန့်လိုက်ချိန် နေရောင်ခြည်က သူ(မ)၏ လှပပြေပြစ်သော မျက်နှာပေါ်သို့ ဖြာကျလာ၏။ 

ဗုဒ္ဓစနစ်(၂)जहाँ कहानियाँ रहती हैं। अभी खोजें