အပိုင်း(၁၅၂) အရည်အသွေးပြောင်းလဲစေတဲ့ တွေ့ ဆုံမှု

188 29 0
                                    
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

   ထိုဘုန်းကြီးငယ်သည် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီးလျှင် ဖန်းကျန့်ထွက်ခွာသွားသည်ကို လှမ်းကြည့်လိုက်စဥ် သူ့ နှုတ်ခမ်းထောင့်စွန်းထက်တွင် ကောက်ကျစ်သည့် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာခဲ့၏။

   ဖန်းကျန့်ကား နေရာယူပြီးသည်နှင့် ဆက်ဖြစ်လာမည့်အရာများက သူနှင့် လုံးဝမသက်ဆိုင်တော့သည့်နှယ်။

   ပိုင်းယွင်ကျောင်းထိုင်ဆရာတော်သည် စင်မြင့်ထက်သို့ တက်သွားပြီးလျှင် အဖွင့်အမှာစကား ​မြွှက်ကြားလေ၏။ နွေဦးကြိုဆိုဓမ္မသဘင်ပွဲကြီး တရားဝင်စတင်လေပြီ။ ပန်းပွင့်ချပ်များကို ဖြန့်ကြဲ၍ ပရိတ်ရေဖြန်းပက်ကာ တရားစာများ စတင်ရွတ်ဖတ်ပူဇော်ကြလေ၏။ အမှုဆောင်တာအဝဝပြီးစီးချိန်တွင် မွန်းတည့်ချိန်သို့ပင် ရောက်နှင့်လေပြီ။

ထို့နောက် ဘုန်းကြီးကျောင်းမှ  သက်သက်လွတ်စတုဒိသာကို တည်ခင်းဧည့်ခံလေ၏။ ဘုန်းကြီးကျောင်းအပြင်ဖက်တွင် စားပွဲခုံများကို စီတန်းခင်းကျင်းထားကာ အစားအစာလာယူရန် ရောက်နေကြသော ဒကာ၊ ဒါယိကာမများကား မီးခိုးကြွက်လျှောက်။

    မဟာဝီရခန်းမ၊ ကွမ်းယင်ခန်းမနှင့် ရဟန္တာခန်းမတို့ထဲ အမွှေးနံ့သာပူဇော်မှုများနှင့် ကြက်ပျံမကျ ကြိတ်ကြိတ်တိုးလျက်။  ကောင်းကင်ထက်သို့ တလူလူလွင့်ပျံတက်သွားသော အမွှေးတိုင်ငွေ့တန်းကြီးကို အဝေးမှပင် မြင်နိုင်ပေသည်။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now