အပိုင်း(၂၀၀) သရုပ်မဆောင်တော့ဘူး

180 21 3
                                    


ထိုနှစ်ယောက်သားမှာ ဝေဝါးဝါးပြုံးလျက် လက်မထောင်ပြလိုက်ပြီးလျှင် “သူက အရမ်း အံ့ဩဖို့ ကောင်းတာပဲ။”

ကျိုးဟောင်ရှင်းက မေးလိုက်၏။ “ဒါရိုက်တာယွီ .. အဲဒီဘုန်းကြီး သင်္ကန်းလွင့်သွားပြီးတော့ သူ့ရဲ့ အဖြူရောင်သင်္ကန်းစပေါ်သွားတဲ့အချိန် ..၊ အဲဒါက ခင်ဗျား အဲဒီအခန်းကို စီစဉ်ထားတာ မဟုတ်လား။ ဒါက တကယ့်ကို စနစ်တကျစီစဉ်ထားတာပဲ။ လှလိုက်တဲ့ မြင်ကွင်းဗျာ .. ။ ကျုပ်မှာဖြင့် ဗုဒ္ဓကို ကိုယ်တိုင် ဖူးလိုက်ရသလို ခံစားလိုက်ရတယ်။”

“ဟုတ်တယ် .. အရမ်းလှတယ် … ။ ဒါက ဘယ်လောက်တောင် နာမည်ကြီးသွားမလဲ၊” ဟုရှောင်းက ပြောလိုက်၏။

“ဒါက ဒီဇာတ်ဝင်ခန်းကိုသာ ထုတ်လွှင့်လိုက်မယ် ဆိုရင် အဲဒီဘုန်းကြီးကို လူတိုင်းစိတ်ထဲစွဲနေတော့မှာ။ ဒါပေမယ့် အဲဒီဆင်းမျိုးကို ကျုပ် တည်းဖြတ်ဖို့တောင် လက်မရဲဘူးဗျာ၊ သင်္ကန်းကတော့ ကျုပ်ပြောနိုင်တာ တစ်ခုက တိုက်ဆိုင်တာလို့ပဲ ပြောတော့မယ် ၊ ဒါက မမျှော်လင့်ထားတဲ့ အပိုဆုပဲ၊” ယွီကွမ်းစစ်က သူမလုပ်သော အရာတစ်ခုအတွက် အကျိုးအမြတ်ယူလိုသော အကျင့်မရှိပေ။

“ဒါရိုက်တာယွီ .. ခင်ဗျား ဘာလုပ်ဖို့ တွေးထားလဲ” ဟုရှောင်းက မေးလိုက်၏။

ယွီကွမ်းဇီက ဝေဝါးဝါးပြုံးကာ .. “ကျုပ်စဉ်းစားပါရစေဦး။ တခြားဇာတ်ဝင်ခန်းတွေ ရိုက်ဖို့ အများကြီး ကျန်သေးတယ် ..။ ကျုပ်အဲဒီအကြောင်းကို စဉ်းစားပါရစေ။ ကျုပ်အသုံးမပြုနိုင်ရင်တောင် အဲဒီအပိုင်းကို ကျုပ်သိမ်းထားမယ်။ ဒါက အရမ်းကို မှတ်လောက်သားလောက်စရာပဲ။”

ဟုရှောင်းနှင့် ကျိုးဟောင်ရှင်းတို့မှာ အရေထူကြသည်။ “ဒါဆိုရင်လည်း ကျုပ်တို့ကို အပြန်အမှတ်တရအနေနဲ့ တစ်ခုခု ပေးပါလား။”

ယွီကွမ်းစစ်က ရယ်မောလိုက်ပြီးလျှင် “စီအီးအို ဟု .. ခင်ဗျားက ဘာလုပ်မလို့လဲ ..။ သူက တကယ့် ဝါရင့်သရုပ်ဆောင်တစ်ယောက် မဟုတ်သလို တက္ကသိုလ်ကနေ ဘွဲ့ရထားတာလည်း မဟုတ်ဘူး ၊ သူက အရမ်းငယ်သေးတယ်။ ပြောရမယ်ဆိုရင် အတောင်အလက်မစုံသေးတဲ့ လူတစ်ယောက်ကို မျက်လုံးစုံမှိတ်ယုံကြည်လို့ မရဘူးဗျ။”

ဗုဒ္ဓစနစ်(၂)Where stories live. Discover now