အပိုင်း(၁၇၄) ဖန်းကျန့် လှုပ်ရှားပြီ

121 23 0
                                    


လျူရန်စုက နောက်ဆုံးတွင် အသိပြန် ဝင်လာ သော်လည်း အရာ အားလုံး ပြီးဆုံးသွားပြီ ဖြစ်မှန်း သိလိုက်ရ၏။ 

“လူလေး အဲဒီကလေးမရဲ့ အခြေအနေက အရမ်းကို ဆိုးဝါးနေတယ်။ သူ့ရင်ထဲမှာ ရှိတဲ့ အားနည်းချက်ကို ထိလို့ မရဘူး…။ သူ(မ)က အဲဒီအတိုင်း တွေတွေကြီးထိုင်နေမှာပဲ။  တကယ်လို့ လန့်သွားမယ်ဆိုရင် ရုတ်တရက် သေကြောင်းကြံဦးမှာပဲ…။ ဒါက စိတ်ရောဂါကုထုံးတွေနဲ့ ကုသလို့ ရတဲ့အရာမဟုတ်ဘူး။ အရမ်းရှုပ်ထွေးတဲ့ အိပ်မွေ့ချနည်းနဲ့မှပဲ အကျိုးထိရောက်လိမ့်မယ်…။ ဒါပေမယ့် အဲဒါက အချိန်ယူဖို့လိုတယ်…။" သွမ့်ယွီအာက သူမ၏ တွန့်ကြေသွားသော အဝတ်အစားများကို ဆွဲဆန့်လိုက်၏။ 

လျူရန်စုက ခါးသက်စွာ ပြုံးလျက်

 “အန်တီသွမ့် အန်တီတွေ့တဲ့ အတိုင်းပဲ။ အတန်းဖော်က အစာလည်း မစားဘူး…။ ရေလည်း သောက်လဲ မသောက်ဘူး… ။ တကယ်လို့ ဒီဆေးတွေ ဆက်သောက်နေရမယ်ဆိုရင် သူအသက် အန္တရာယ် ရှိနိုင်တယ်… ။ သူကိုတော့ ဒီအတိုင်း ဆေးသွင်းထားလို့ မရနိုင်ဘူး၊ ဟုတ်တယ်မဟုတ်လား…။”

သွမ့်ယွီအာက ခေါင်းခါလိုက်ပြီးလျှင် “အဖြေကို သားဘာသာ စဉ်းစားဖို့ လိုတယ်။ အန်တီဒီတခေါက်တော့ ပြန်သွားရဦးမယ်…။ အကောင်းဆုံး ကတော့ အချိန်ရမှပဲ ထပ်လာနိုင်တော့မယ်။ ဟူး…. သနားစရာကောင်းတဲ့ ကလေးမလေး..။”

  အိပ်ရာပေါ်တွင် ကြိုးဖြင့် တုပ်နှောင်ထားပြီးသည့် နောက်တွင် ဖန်းယွင်ကျင့်မှာ ပြန်လည်တည်ငြိမ် လာ၏။ လူတိုင်းက သွမ့်ယွီအာ၏ စကားများကို ကြားလိုက် ရသောအခါ သူတို့သည်လည်း ပြောစရာ စကားများ မရှိကြတော့ချေ။ 

ကျောက်တာ့ထုံက “အဲ ဟုတ်သား။ ဆရာတော်က အဆောင်ကို နေရာတကျထားပြီးရင် သူ့ကို အကြောင်းကြားလိုက်လို့ ပြောတယ်…။ ငါ သူ့ကိုတောင် အကြောင်းမပြန်ရသေးဘူး…။”

“တော်လောက်ပြီ။ မဟုတ်တာတွေ လုပ်မနေနဲ့တော့။ အခြေအနေ ဘယ်လောက်ဆိုးတယ်ဆိုတာ မင်းကြည့်လိုက်ဦး။ ဆရာတော်တွေ အဆောင်တွေပဲ  တတွတ်တွတ်ရွတ်​မနေနဲ့တော့။ မင်းခေါင်း မကောင်းဘူးလားကွ…၊” လျူရန်စုက မှုန်တေတေဖြင့် မေးလိုက်လေ၏။ 

ဗုဒ္ဓစနစ်(၂)Unde poveștirile trăiesc. Descoperă acum