အပိုင်း(၁၆၃)

137 26 0
                                    

   အခြားသော ဆံနီသုံးယောက်သည်လည်း အရှေ့သို့ ထွက်လာပြီးလျှင် ဖန်းကျန့်အား လက်သီးဖြင့် ထိုးကြ၏။ 

   “သတိထား” ကျင်းယန်က တလန့်တကြား သတိပေးလိုက်၏။ ဖန်းကျန့်မှာ သူ့နောက်မှ လေတိုးသံများ ထွက်ပေါ်လာသည်ကို အာရုံခံမိသည်။ လက်သီးများ၊ ခြေထောက်များ၊ တစ်ခါတစ်ရံ ကျောက်တုံးများပင် ပါသေးသည်။ သူ့နောက်တွင် ကလေးတစ်ယောက် ရှိနေသည့်တိုင် ထိုလူများ ထိုသို့ ပြုလုပ်သည်ဖြစ်ရာ ထိုကလေးမလေး အန္တရာယ်ဖြစ်မည်ကို ၎င်းတို့ဂရုမစိုက်သည်က  အထင်အရှားပင်။ သူတို့အားလုံး မည်သို့မှ ဂရုမစိုက်ဘဲ ဖန်းကျန့်ကို ရိုက်နှက်လိုသည့် အတွေးသာရှိတော့သည်။ 

    ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး စက်ဆုပ်ဖွယ် ကောင်းသော လုပ်ရပ်ကြောင့် ဖန်းကျန့်မှာ ပို၍ ဒေါသထွက်လာတော့၏။ သို့သော်လည်း အလျင်စလို မလုပ်ပေ။ ကလေးမလေးကို ဆွဲယူပြီးလျှင် ပွေ့ဖက်၍ ကာကွယ်ပေးလိုက်၏။ သူက ဓားလှံမတိုးသော်လည်း ကလေးမလေးက ထိုသို့ မဟုတ်ပေ။ 

  “ဖြောင်း” ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အုတ်ခဲက ဖန်းကျန့်၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီးလျှင် ပြန်ကန်ထွက်သွား၏။ ထို မြင်ကွင်းကို မြင်လိုက်သည့်အခါ ကျင်းယန်၏ မျက်လုံးများ ချင်းချင်းနီလျက် ဒေါသချောင်းချောင်းထွက်ကာ အော်ဟစ်ကြုံးဝါးလေ၏။

  “မသာကောင်တွေ နင်တို့အားလုံးကို ငါအသေသတ်မယ်။ ” သူ(မ)မှာ ဒေါသစိတ်ကြောင့် မသိစိတ်က သူ(မ)၏ ဆဲလ်ဖုန်းကို လွှင့်ပစ်လိုက်မိ၏။ သို့သော်လည်း ချက်ချင်းဆိုသလို နောင်တရသွားပြီး အလန့်တကြား ရေရွတ်လိုက်မိလေ၏။ 

“ဟာ သွားပါပြီ…. ငါ့ဗီဒီယို။ ”

“ဖတ်” သူ(မ)၏ ဆဲလ်ဖုန်းက မြေပြင်ပေါ်သို့ ထိခတ်သွားပြီးနောက် ဖုန်းမျက်နှာပြင်တစ်ခုလုံး ကွဲကြေသွား၏။ သို့သော်လည်း ထိုအချိန်၌ ကျင်းယန်မှာ နှမြောနေရန် အချိန်မရှိတော့။ ဆံနီများက ဖန်းကျန့်ထံသို့ စုပြုံတိုးဝင်သွားပြီဖြစ်သည်။ ထိုကဲ့သို့ သေရေးရှင်ရေးအခြေနေမျိုးတွင် ကျင်းယန်မှာ အရာအားလုံးကို လစ်လျူရှုထားတော့၏။ 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now