အပိုင်း(၁၉၃) ရောက်လာတဲ့လူ အကုန်ထိုင်

150 25 3
                                    

ဖန်းကျန့် တရားစာရွတ်ဖတ်နေသည့်နေရာနှင့် မလှမ်းမကမ်းတစ်နေရာတွင် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ 

“အဲဒီရူးက ဒီကွင်းပြင်ထဲမှာ အခုထိ တရားစာရွတ်နေတုန်းပဲ... ။ သူတရားစာရွတ်လို့ မျိုးစေ့တွေက အအေးဒဏ်ကို ခံနိုင်မှာတဲ့လား...။”

လီရွှယ်ယင်းသည် ရှေ့ရှိအရာအားလုံးကို ကြည့်လျက် ဆွံ့အနေပေသည်။ ထိုမြင်ကွင်းက သူ(မ)၏အာရုံအားလုံးကို လွှမ်းမိုးသွားသလို မျက်စိပဒါသာဖြစ်လှသည်ဟုလည်း ဆိုနိုင်ပေသည်။ ဤနေရာတွင်မတော့ တစ်လောက၌ ကြမ်းကြုတ်ရိုင်းစိုင်းလှစွာသော တောရိုင်းတိရိစ္ဆာန် တစ်ကောင် ဖြစ်သည့် ဝံပုလွေကိုလည်းမြင်နိုင်ပေသည်။ ထို့ပြင် သေးကွေး၍ ချစ်စဖွယ်ကောင်းသော ရှဉ့်ငယ်လေးနှင့် ဂနာမငြိမ်လှုပ်ရှားနေတတ်သော မျောက်တစ်ကောင်ကိုလည်း တွေ့နိုင်ပေသည်။ 

ထိုနေရာသည် စစ်မြေပြင်မြင်ကွင်းတစ်ခုအလား အလွန် အသက်ဝင်ပေသည်။ ထို့ပြင် နေရောင်ကလည်း အနောက်မှ ထိုးကျနေသည်ဖြစ်ရာ သေမျိုးတို့၏လူ့ဘုံလောကမြင်ကွင်းနှင့်ပင် မတူတော့ဘဲ စိတ်ကူးယဥ်အနုပညာလက်ရာတစ်ခုအလားရှိတော့သည်။ လီရွှယ်ယင်းက  ဆဲလ်ဖုန်းကို ထုတ်ယူလိုက်ပြီးလျှင် ဓာတ်ပုံတစ်ပုံရိုက်ယူလိုက်လေ၏။ 

ထို့နောက် သူ(မ)၏ Wechatတွင် မျှဝေရန် ဟန်ပြင် လိုက်သော်လည်း တစ်စုံတစ်ရာကို အတည်ပြု မေးမြန်းလိုသည့်အတွက် ရပ်တန့်လိုက်၏။ သူ(မ)ရှေ့ရှိ ငယ်ရွယ်သော ဘုန်းကြီးတစ်ပါး ... တိရိစ္ဆာန်အနည်းငယ်နှင့် ဆိတ်ငြိမ်အေးချမ်းနေသော ကျောင်းတော်ကို ကြည့်ကာ သူ(မ)ခေါင်းကို ခါယမ်းလိုက်မိ၏။ 

“ဒီလို ရှားပါးအဖိုးတန်တဲ့ အေးချမ်းမှုကို ဘာ​လို့ လူအုပ်ကြီးတွေကို လာဖျက်စီးခိုင်းရမှာလဲ။”

ထို့ကြောင့် သူ(မ)သည် Cancelခလုတ်ကို ပြန်နှိပ်လိုက်၏။ ထိုသို့ နှိပ်လိုက်ခြင်းကြောင့် ဖန်းကျန့်ခမျာ သူ၏ တာဝန်ပြီးမြောက်ရန် အခွင့်အရေးနှင့်လွဲချော်သွားမည်ကို သူ(မ)မသိလိုက်ချေ။ အကယ်၍ ဖန်းကျန့်သာ သိပါက မျက်ရည်ပေါက်ပေါက်ကျမိလိမ့်မည်။ 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now