အပိုင်း(၁၆၁) ကောလဟာလ

147 29 0
                                    

    “တုန်းလင်ရွာကို ငါသိတယ်။  ကျန်းမာရေး‌ ကောင်းတဲ့ လူတွေဆိုလို့ ခု မင်းတို့မြင်နေရတာအကုန်ပဲ။ အများစုကတော့ အလုပ်လုပ်ဖို့ ရွာကနေ ထွက်သွားကုန်ကြပြီ။ ဟိုမှာ ကြည့်စမ်းပါဦး။ အရွယ်ရောက်တဲ့ သူတွေထက် ကလေးတွေက ပိုများနေတယ်။ ဒါကြောင့် ဒီရွာမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေပဲ ရှိကြတော့တာ။ ကလေးတွေလည်း အတော်ခက်ခဲမှာပဲ။ သူတို့မိဘတွေအတွက်တော့ ဘယ်လိုမှမလွယ်ကူဘူး။ ဟင်း…" 

"အလုပ်လုပ်နိုင်တဲ့ လူကြီးတွေက ရွာကနေ ထွက်သွားကြပြီ။ သူတို့လည်း ခက်ခဲကြမှာပဲ။ ပညာ မတတ်တဲ့ အတွက်ကြောင့် ငွေနည်းနည်းပဲရတဲ့အလုပ်ကြမ်းတွေကိုပဲ လုပ်နေရရှာတာ။ သူတို့ခြစ်ကုပ်ချွေတာပြီး စုရင်တောင် အများကြီး ကျန်မှာ မဟုတ်ဘူး။ ဟူး…"

" ငါနိုင်သလောက် လှူပေးမယ်။ ရော့…. ဒီမှာ။”

ကျင်းယန်က ချက်ချင်းဆိုသလို သူ(မ)၏ ဆဲလ်ဖုန်းကို ထုတ်ပြီး ထိုလိုက်ဖ်လွှင့်နေသော နေရာကို ရှာလိုက်ရာ ဖန်းကျန့်လည်း လူအများပြောဆိုထားသော မက်ဆေ့ချ်များကို တွေ့လိုက်ရ၏။ တကယ်တမ်းတွင် ထိုလူများက အလွန်နာမည်ကြီးသူများဖြစ်ပေသည်။ တိုက်ရိုက်လွှင့်ခြင်းဆိုင်ရာ ဝပ်ဆိုက်များ၌ ၎င်းတို့စာမျက်နှာကို ပင်ထိုးထားသည်ဖြစ်၍ တချက်မျှ ဝေ့ကြည့်ရုံနှင့် တွေ့နိုင်သည်။ 

မှတ်ချက်များကို တွေ့သောအခါတွင် ဖန်းကျန့်မှာ သက်ပြင်းချလိုက်မိ၏။ ထို ကလေးများ၏ အခြေနေက သူနှင့် နှိုင်းယှဉ်ပါက အတော်လေး ကောင်းမွန်သေးသည်ဟု သူတွေးခဲ့မိသည်။ သူ့တွင် မိဘများမရှိသော်လည်း လက်တစ်ချောင်း ဆရာတော်ကြီးနှင့် လက်တစ်ချောင်းရွာသားများ ရှိကြသေးသည်။ သူတို့ အားလုံး သူ့ကို သားသမီး အရင်းသဖွယ် ဆက်ဆံခဲ့ကြသည်။ မိဘမဲ့ကလေး ဖြစ်သည့်အတွက်ကြောင့် သူ့ကို လူအများက ဝိုင်းဝန်းဆုံးမခဲ့ကြသော်လည်း  သူသည် မေတ္တာမငတ်ခဲ့ရပေ။ တောင်ပေါ်ရှိ ဘဝက အလွန်ဆိုးဝါးသော်လည်း ငတ်ပြတ်သည့်အခြေနေထိ သူမရောက်ရှိခဲ့ပေ။

   “ဒကာမကြီး သူတို့လုပ်နေတာ ကောင်းတဲ့ လုပ်ရပ်ပဲ မဟုတ်ဘူးလား။ ”  ဖန်းကျန့်က မေးလိုက်လျှင် ကျင်းယန်က ဆို၏။  “ဆက်စောင့်ကြည့်လိုက်ပါ။”  ဖန်းကျန့်က ခေါင်းညိတ်ပြလိုက်ပြီး မည်သည့် စကားမျှ ထပ်မပြောတော့ချေ။ 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now