အပိုင်း(၂၀၈) အတွင်းစိတ်ကို ပြန်ဆန်းစစ်ခြင်း

124 20 2
                                    

    ဖန်းကျန့်က အတည်လုပ်မည်ကို သိသွားသည့်အခါ သင်းကွဲဝံပုလွေက နောက်သို့ ချာခနဲ လှည့်ကာ ထွက်ပြေးသွား၏။ မျောက်သည်လည်း သူ့နောက်မှ လိုက်သွားသော်လည်း ကံဆိုးစွာဖြင့်  မြမပြေးမတော်လိုက်ချေ။

    

 ထိုနှစ်ကောင်အား အတန်ကြာ လိုက်ဖမ်းပြီးသောအခါတွင် ဖန်းကျန့်သည် သူတို့ကို  ဘုရားခန်းမထဲရှိ ဗုဒ္ဓပုံတော်ရှေ့တွင် ဒူးထောက်စေ၏။ သူ့နောက်တွင်တော့ ဝံပုလွေ မျောက်နှင့် ရှဉ့်တို့ ရှိသည်။ ရှဉ့်နှင့် မျောက်မှာ ဒူးထောက်ရန်အတွက် နောက်ခြေများကို အားသိပ်မစိုက်ရချေ။ ဝံပုလွေခမျာ ငိုလုမတတ် ဖြစ်နေရ၏။ သူ့အဖို့ ဒူးထောက်ရန်အတွက် အလွန်ပင် ခက်ခဲလှသည် မဟုတ်ပါလား။

 

 ဖန်းကျန့်က ပြောလိုက်၏။ "မင်းတို့ သုံးကောင်က ဉာဏ်ကောင်းလာပေမယ့် မင်းတို့ ဗီဇက ခုထိ မပြောင်းလဲသေးဘူး။ အထူးသဖြင့် မျောက်ပဲ။ မင်းက ပိုင်းယွင်ဘုန်းကြီးကျောင်းမှာကတည်းက ပစ္စည်းတွေကို ခိုးလာခဲ့တာ။ ပြီးတော့ မင်းက တောထဲက တောရိုင်းကောင်ဖြစ်ပြီးတော့ မင်းကို ဘယ်သူမှ မသွန်သင်ပေးခဲ့ဘူး။ ဒါပေမယ့် မင်းက အခု လက်တစ်ချောင်းကျောင်းတော်ထဲ ရောက်သွားပြီဆိုတော့ မင်းဟာ အခု ဒီနွမ်းပါးတဲ့ ကိုယ်တော်ရဲ့ တပည့်ဖြစ်သွားပြီ။ ဒီ ကိုယ်တော်က မင်းကို ကောင်းကောင်း မသွန်သင်ပေးတဲ့အတွက် ဒီကိုယ်တော်ရဲ့ အပြစ်ပဲ။"

 

     ရုပ်ရှင်အဖွဲ့သားများ ပြန်သွားကြသလို အရာအားလုံး အခြေကျသွားပြီဟု ထင်ရသော်လည်း ထိုကိစ္စက အခြေမကျသေးမှန်း ဖန်းကျန့် ကောင်းစွာ နားလည်သွား၏။ ဥပမာအနေဖြင့် သူသည် သတ်ဖြတ်ခြင်းနှင့် ပတ်သက်သော သူ၏ သံသယများကိုပင် ကောင်းစွာ မဖြေရှင်းနိုင်သေးပေ။ နောက်ထပ်ဥပမာတစ်ခုက သူလက်ရှိ ရင်ဆိုင်နေရသော အကြပ်တည်းပင် ဖြစ်လေသည်။ မည်သူ့တွင် အပြစ်ရှိသနည်း။ မျောက်တွင် အပြစ်ရှိသည်လော။ သူ၌ အပြစ်ရှိသည်လော။ နောက်ဆုံးတွင် ဖန်းကျန့်မှာ မျောက်၏ အပြစ်မဟုတ်မှန်း သူနားလည်သွားချေပြီ။ မျောက်က ဉာဏ်ကောင်းသည်ဟု ဆုံးဖြတ်၍ ရသော်လည်း သူကား နောက်ဆုံးတွင်တော့ တိရစ္ဆာန် တစ်ကောင်သာ ဖြစ်ပေသည်။ တိရစ္ဆာန်တစ်ကောင်က စပ်စုလိုသော ဗီဇရှိရာ သူမည်သည့် အရာကို ဂရုစိုက်ပါမည်နည်း။ တိရစ္ဆာန်များက သူတို့ ပျော်ရွှင်မှုနှင့် သူတို့ စိတ်ဝင်စားသည့်အရာကိုသာ ဂရုစိုက်တတ်ကြသည်။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now