အပိုင်း(၁၇၈) သုံးပွင့်ဆိုင်အချစ်

252 40 1
                                    


ဖန်းကျန့်မှာ ပို၍ ရွတ်ဖတ်လေ ပို၍ သက်တောင့်သက်သာရှိလာရလေပင်။ သစ်သားငါးကို တီးခေါက်နေခြင်းအား သူနှစ်ခြိုက်နေပြီဖြစ်သည်။ ကျမ်းစာထဲတွင် စိတ်နှစ်၍ ရွတ်ဖတ်နေရင်းဖြင့် အချိန်ကိုပင် သူမေ့သွားခဲ့သည်။ သို့သော်လည်း ယခင်က သူနားမလည်နိုင်ခဲ့သော အရာများကို သူနားလည်ပြီး ဉာဏ်အလင်းရရှိလာခဲ့၏။ ထိုခံစားမှုများကား ကောင်းမွန်သည်ဟု ညွှန်းဆို၍ မလုံလောက်နိုင်ချေ။

တစ်ချိန်တည်းမှာပင် တောင်ခြေ၌

"ဖေးဖေး ဒါက နင်ပြောတဲ့ လက်တစ်ချောင်း တောင်မဟုတ်လား။ အပေါ်မှာ တကယ်ပဲ ဘုန်းကြီးကျောင်းရှိပါ့မလား။"

ယောက်ျားပျိုတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် တောင်ခြေ၌ ရပ်နေကြ၏။ နှစ်ဦးလုံး ရိုးရိုးရှင်းရှင်း ဝတ်စားထားကြသလို ငယ်ရွယ်ပျိုမြစ်မှုသည်လည်း အထင်းသား။

“ဟုတ်တယ် ၊ ဘုရားကျောင်းက အရမ်းတန်ခိုးကြီးတယ်လို့ ငါကြားထားတယ်။ ပြီးတော့ အဲဒီထဲမှာ ရှိတဲ့ ဘုန်းကြီးကလည်း အရမ်းတန်ခိုးကြီးတာတဲ့နော်။ အားယား .. ၊ ငါတို့ ဘာလုပ်စရာမှ မရှိတော့တာ။ တောင်ပေါ်တက်ပြီး တစ်ချက်လောက်သွားကြည့်ရအောင်၊” ထိုသို့ ပြောပြီးသည်နှင့် မိန်းမပျိုလေးက တောင်ပေါ်သို့ တပျော်တပါး ပြေးတက်သွားလေ၏။

လူငယ်လေးမှာ ခေါင်းကိုသာ တဗျင်းဗျင်းကုတ်၍ သူ့ရှေ့မှ မိန်းမပျိုလေးကို လှမ်းကြည့်လိုက်၏။ ထို့နောက် ရူးကြောင်ကြောင်ရယ်မောလိုက်ကာ သူ(မ)၏ ကျောပိုးအိတ်လေးကို ကူသယ်ပေးရင်း မိန်းကလေးနောက်သို့ လိုက်သွားလေ၏။ သူ(မ)ကို သူအလွန်ဂရုစိုက်နေသည်က အသိသာပင်။ သူကား ပြီးပြည့်စုံသော နှလုံးလှသူရဲကောင်းတစ်ဦးပါပေ။ သူသတိပြုရန် မေ့လျော့ခဲ့သည်က ထိုမိန်းမလေး၏ ရှောင်လွှဲနေသော အကြည့်မျက်ဝန်းများ။

တောင်ထိပ်သို့ ရောက်သောအခါတွင် မိန်းကလေးက ပြုံးလိုက်ပြီးနောက် တစ်စုံတစ်ရာလွဲမှားနေဟန်ဖြင့် “အာ .. တကယ်ကြီး ဘုန်းကြီးကျောင်းရှိနေတာပဲ” ဟု ရေရွတ်လိုက်၏။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now