အပိုင်း(၁၉၇) ဝမ်းနည်းစရာ အချိန်၊ လူတွေကို ဂရုဏာသက်မိပါရဲ့(၂/၃)

104 16 0
                                    


ကျိုးဟောင်ရှင်းက ရူးချင်ချင်ဖြစ်သွား၏။ "ဒါရိုက်တာယွီ ခင်ဗျား နောက်နေတာလား .. ။ ခင်ဗျား အခြားသရုပ်ဆောင် ၊ ဧည့်သရုပ်ဆောင်ခေါ်တာကို ကျုပ်နားလည်ပေးလို့ ရပါတယ် ၊ အခုတော့ လူသစ် တစ်ယောက်တဲ့လား။"

"နောက်နေတာမဟုတ်လား။"

"လာပါ .. အဲဒီလောက်အထိ ရှုပ်ရှုပ်ထွေးထွေး တွေးဖို့လဲ မလိုပါဘူး .. ဒါက အစမ်းလေ့ကျင့်တာလေးပဲ ရှိတာ တကယ်လေ့ကျင့်တာ မဟုတ်သေးဘူး။ အခု ခင်ဗျားက ဒီကို လာကြည့်တာဆိုပေမယ် တည်းဖြတ်ထားတဲ့ နောက်ဆုံးရလဒ်ကို ကြည့်နေတာ မဟုတ်ဘူးမလား .. ။သေချာတာပေါ့ ..။ ခင်ဗျားမှာ အချိန်ရှိနေတာပဲ ... ။ဒီမှာ နေရင်း တကယ့်ဝါရင့်သရုပ်ဆောင် ပေါ်လာတာကို ခင်ဗျားစောင့်ကြည့်လို့ရပါတယ်။ သုံးရက်လောက် ကြည့်ရမယ်လို့တော့ ကျုပ်အာမခံတယ် .. ။ ကျုပ်ရဲ့ အတွေ့အကြုံအရဆိုရင် ခင်ဗျားမြင်ရတာကို ခင်ဗျားကျေနပ်မှာပါ၊" ယွီကွမ်းစစ်က အလေးပေး ပြောလိုက်၏။

သို့သော်လည်း ဖန်းကျန့်ပေါ်တွင် သူမျှော်လင့်ချက် ကြီးကြီးမားမားမရှိချေ။ သူ့အနေဖြင့် မျှော်လင့်စရာ အခြားလူများမရှိသည့်အတွက် စုံလုံးကန်းပုံအပ်လိုက်ရခြင်း ဖြစ်ပေသည်။ ထို့အပြင် ဖန်းကျန့်က ဘုန်းကြီးစင်စစ်ဖြစ်လေသည်။ ၎င်းကိုယ်တိုင် သရုပ်ဆောင်ခြင်းက ကြုံရာရွာသားများဝင်ရောက် သရုပ်ဆောင်သည်ထက် ပိုမိုသာလွန်လိမ့်မည် မဟုတ်ပါလား။

ယွီကွမ်းစစ်က ဧည့်သည် သရုပ်ဆောင်အဖြစ် သူကိုယ်တိုင် ဝင်သရုပ်ဆောင်ရန် စဉ်းစားဖူးသော်လည်း နောက်ပိုင်းတွင် ဇာတ်လမ်းထဲ၌ သူကိုယ်တိုင်ဝင်သရုပ်ဆောင်ရမည့် အပိုင်းရှိသေးသည်။ နှစ်နေရာလုံး သရုပ်ဝင်ဆောင်ရန် မည်ကဲ့သို့ ဖြစ်ပါမည်နည်း။ ပို၍ အရေးကြီးသည့် အချက်က အလျင်လိုနေသောကြောင့်သာ ဖန်းကျန့်ကို သူသုံးလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် နောက်ထပ်ရုပ်ရှင် ဇာတ်ဝင်ခန်းအတွက် သရုပ်ဆောင်များကို ထပ်ငှားရမ်းဖို့ရန်လည်း ရှိနေသေးသည်။

ယွီကွမ်းစစ် ထိုသို့ ပြောပြီးနောက် ... ကျိုးဟောင်ရှင်းနှင့် ဟုရှောင်းတို့မှာ မည်သို့မှ ပြန်လည်ချေပစရာ စကားရှာမရတော့ချေ။ စုန့်ကိုယ်တော် ဆေးရုံတက်သွားရလိမ့်မည်ဟု မည်သူမျှလည်း မထင်ထား။ ထိုသို့ ဖြစ်လာခဲ့ရာ သူတို့ ဘာတတ်နိုင်ပါဦးမည်နည်း။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now