အပိုင်း(၁၇၁) တစ်မိနစ်

274 41 0
                                    

    ဖန်းကျန့်မျက်မှောင်ကျုံ့သွား၏။ ကျောက်တာ့ထုံ၏ ကျောင်းမှာ လက်တစ်ချောင်းကျောင်းတော်နှင့် အလွန် အလှမ်းကွာဝေးပေသည်။ သူ အဘယ့်ကြောင့် အကူအညီ တောင်းခံရသနည်း။ ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုခုကြောင့်လေလား။ ထို့သို့ဆိုပါက သူ၏ မိဘများ၊ ပရော်ဖက်ဆာများနှင့်  ရဲများထံ အကူအညီ တောင်းခံသင့်သည် မဟုတ်ပါလား။ 

    ဖန်းကျန့် စာပြန်​လိုက်၏။ “ဘာများကူညီပေးရမလဲ ဒကာ။”

 ကျောက်တာ့ထုံက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီးနောက် “ဆရာတော်၊ ဖန်းယွင်ကျင့် ဒုက္ခရောက်နေပါတယ်။ နေ့ရှိသ၍ သူကိုယ်သူ သတ်သေမယ်ချည်းပဲလုပ်နေတယ်။ ဒီနေ့တောင် တိုက်ပေါ်ကနေ ခုန်ချမလို့။ အခု လူတိုင်းက သူ့ကို စောင့်ကြည့်နေရတယ်။ တကယ်လို့ သတိလွတ်သွားမယ်ဆိုရင် သူ ထပ်သတ်သေမှာ စိုးရတယ်။ အခု ပရော်ဖက်ဆာတွေနဲ့ ရဲတွေလ‌ည်း ရှိနေကြတယ်။ ဒါပေမယ့် သူတို့ လည်း ဘာမှ မတတ်နိုင်ကြဘူး။ ဖန်းယွင်ကျင့်က စကားလုံးဝမပြောဘူး။ အစားစားလည်း မစားဘူး။ စိတ်ကျန်းမာဆရာဝန်နဲ့ ပြတာလည်း အသုံးမဝင်ဘူး။ အဲ့ဒါကြောင့် ဆရာတော်ဆီ အကြံဉာဏ်တောင်းတာ အကောင်းဆုံး ဖြစ်မယ်လို့ တပည့်တော်ထင်လို့ပါ။  ကူညီနိုင်မဲ့ နည်းလမ်း တစ်ခုခုများရှိပါသလားအရှင်ဘုရား။”

     ဖန်းကျန့်က သူ့ခေါင်းပြောင်ပြောင်ကို ပွတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်မိတော့၏။ “အင်း၊ ဒုက္ခပါပဲ။”

     ကျောက်တာ့ထုံ၏ ကျောင်းက တောင်နက်မြို့တော်၏ အပြင်ဖက်အစွန်တွင် ရှိပြီး ကျိလင်မြို့တော်၏ ရပ်ကွက် တစ်ခုထဲတွင် တည်ရှိလေသည်။  ထိုနေရာမှာ အလွန်ကွာဝေးသောကြောင့် ဖန်းကျန့် သွားဖို့ရာ လမ်းစားရိတ်မရှိချေ။

“စနစ် ငါရဲ့ စပါးရွှေဝါအိမ်မက်က အဲဒီအကွာဝေးထိ အစွမ်းသက်ရောက်နိုင်လား။” ဖန်းကျန့် တတ်နိုင်သည့်အရာတစ်ခုက သူ၏ နတ်တန်ခိုးကိုသာ မှီခိုအားထားရန်ရှိတော့သည်။ 

  {“မသက်မရောက်နိုင်ပါဘူး။ သင့်ရဲ့ နတ်တန်ခိုးကို အဆင့်မြှင့်တင်ပြီးရင်တော့ ရောက်ကောင်းရောက်နိုင်ပါတယ်။ ”}

ဗုဒ္ဓစနစ်(၂)Opowieści tętniące życiem. Odkryj je teraz