အပိုင်း(၁၅၅) မဲနှိုက်၊ မဲနှိုက်၊ မဲနှိုက်

164 28 0
                                    

'တစ်သည် အများ၊ အများသည် တစ်။'  လူအများနားလည်ထားကြသည်က နှလုံးသားသည် ဓမ္မအင်္သချေကို ပေါက်ဖွားစေကာ ဓမ္မအင်္သချေမှသည် တစ်သို့ လည်ပြန်ရောက်ရှိသည်ဟု။ အပြောကျယ်သော လောကကြီး မည်မျှအပြောကျယ်သည်ဆိုစေ နှလုံးသားကား အတိုင်းအဆမရှိ။ ရိုးစင်းလှသော ထိုရှုထောင့်မှ ရှုမြင်သုံးသပ်မိသူ တစ်ဦးမျှမရှိ။ 

ယနေ့ ဖန်းကျန့်ဆိုခဲ့သော စကားက ၎င်းတို့ကို ညဏ်ပညာဖြင့် ဖြည့်တင်းပေးလိုက်ခြင်းပင်တည်း။ ထိုခဏ၌-

 သူတို့အဘယ်ကြောင့် ပူပင်သောကရောက်နေခဲ့ကြကြောင်း။ သောကအပူကို ပယ်ရှင်းလိုက်ပါပြီဟု သူတို့ကြွေးကြော်နေချိန်၌ ကိုယ်တိုင်လက်တွေ့ ပယ်ရှင်းနိုင်ခဲ့ပါ၏လော။ အကယ်၍ ပူပင်သောကကို အမှန်စင်စစ်စွန့်ပယ်ခဲ့ပြီးသည်ဆိုလျှင် အဘယ်ကြောင့် ဘုရားရေး၊ တရားရေးဆွေးနွေးဖလှယ်ချိန်၌ အနိုင်အရှုံးကို သူတို့ဂရုစိုက်နေခဲ့ကြသနည်း။ တစ်ပါးသူ၏ အားသာချက်ကို သာဓကယူ၍ သူတို့အားနည်းချက်ကို ပြင်ဆင်မွမ်းမံရန်၊ ရိုးသားနှိမ့်ချသော ရှုထောင့်မှ ချဥ်းကပ်ရန် မသင့်ပါသလော။ အကယ်၍ သူတို့သည်သာ အရာခပ်သိမ်းပယ်ရှင်းခဲ့ပြီးပါလျှင် အဘယ်သူ ထီးဖြူဆောင်းဘုရင်ဖြစ်မည်ကို အဘယ်ကြောင့် အရေးစိုက်နေရသေးသနည်း။'

- ၎င်းတို့မှာ တွေးမိလေ ပိုအရှက်ရကြလေ။ ဖန်းကျန့်အား လည်ပြန်ကြည့်ကြလျက် ထိုသူကား အစမှ အဆုံးတိုင် အတင်းအကြပ်မတွန်းပို့မီတိုင်အောင် မယှဥ်ပြိုင်ခဲ့ကြောင်း နားလည်သဘောပေါက်သွားကြ၏။  ပကတိဖြူစင်သော မျက်ဝန်းနှင့် အပြုံးဖျော့ဖျော့က ၎င်းတို့အားလုံး၏ မပြည့်စုံမှုကို အရှက်ရစေ၏။

ရီရှင်းသည်လည်း ထိုနေရာ၌ ကျောက်ချထားသည့်နှယ် ရပ်နေရင်း တွေဝေငေးငိုင်နေမိ၏။ ယခင်က ဖန်းကျန့်ကို လူလိမ် တစ်ယောက်ဟု သူထင်ထားခဲ့သော်လည်း ယခု ကြည့်ရသည်မှာ ထိုသူသည် လူလိမ်တစ်ယောက်မဟုတ်ဘဲ စစ်မှန်သော သူတော်မြတ်တစ်ပါးဖြစ်နေချေသည်။ ဖန်းကျန့်ကား သိမြင်ညဏ်မြင့်မားလှသူတစ်ဦးပါပေ။

ရီရှင်းက ကူကယ်ရာမဲ့လျက် "အရှင်ဖန်းကျန့်  အရှင်က အဲဒီလောက်အထိ နားလည်ထားတာတောင် ဘာလို့ ခုနက မပြိုင်ရတာလဲ” ဟု မေးလျှင် 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now