အပိုင်း(၂၀၂) ဆရာတော် သိက္ခာကျပြီ

228 30 2
                                    


“ရှောင်လျို အပြင်မှာ စောင့်နေတဲ့ လူတွေ မရှိဘူးလား… ။ဘာတွေ ဖြစ်နေ တာလဲဟင်…၊” လီရွှယ်ယင်း ပျာယာခတ်သွား၏။ သူ(မ)မှာ နှစ်ပေါင်း များစွာ သရုပ်ဆောင်လုပ်ခဲ့ပြီး လောကတစ်ခွင် လှည့်လည်သွားလာခဲ့ရသည်။ ထိုသို့  ဖြစ်ရပ်များစွာ ကြုံခဲ့ဖူးသည်။ သို့သော်လည်း ယခုတွင်မတော့ မည်သည့် အပိုပစ္စည်း တစ်ခုမျှ မကျန်သည်အထိ ခိုးယူခံရဖူးသည်မှာ ပထမဦးဆုံး အကြိမ်ပင်ဖြစ်ပေသည်။

ရှောင်လျိုက ပြောလိုက်၏။ “အဲဒီလူတွေ ဘာမှ မချန်ထားဘူး သိလားအစ်မ…။”

လီရွှယ်ယင်းမှာ မျက်လုံးလှန်ကြည့်လိုက်ပြီး “အို ဘုရားရေ ရှောင်လျို တောင်အောက် မြန်မြန် ဆင်းပြီးတော့ ငါ့အတွက် အတွင်းခံလေး နည်းနည်း ဝယ်ခဲ့စမ်းပါ။ ငါ အတွင်းခံ မရှိဘဲနဲ့ နေမတတ်ဘူး…။”

“အစ်မရွှယ်ယင်း ဒီတောင်က အဲဒီလောက်လဲ မကြီးပါဘူး။ တရားခံက အနားမှာပဲ ရှိရမယ်…။  ဒါရိုက်တာယွီက ဒေါသထွက်နေတယ်၊ နေရာအနှံ့လိုက်ရှာနေတယ်…။ သူ ရွာထဲဆင်း ပြီးတော့ ရှာဖို့တောင် လုပ်နေတယ်… ။ တကယ်လို့ ရှာမတွေ့ တော့ဘူးဆိုရင် ရဲကို ခေါ်ဖို့ ပြင်ရတော့မယ်…။ မစိုးရိမ်ပါနဲ့ ကျွန်မတို့ ရှာတွေ့မှာပါ…၊” 

လီရွှယ်ယင်းမှာ ရယ်ရခက်၊ ငိုရခက်လား ဖြစ်သွားရ၏။ “နင်တကယ် ရှာတွေ့ ရင် ပြန်ဝတ်ဦးမှာလား။  အဲဒီထဲကို ဘာ ထည့်ထားလဲ ဆိုတာ ဘယ်သူက သိမှာလဲ…။ ငါဂရုမစိုက်ဘူး။  ပြန်တွေ့ ရင်တောင် ငါ မဝတ်ချင် တော့ဘူး။ ပြီးတော့ ငါတို့ နောက်တခေါက် ထပ်မပျောက်နိုင်ဘူးလို့ နင် ပြောလို့ ရလား…။”

ရှောင်လျိုက တဟားဟားရယ်လလျက်  “အမ  မစိုးရိမ်ပါနဲ့။ ဘယ်လို ပြောရမလဲ ဆိုတာ ကျွန်မသိပါတယ်…။”

“ကောင်းပြီလေ၊ မှတ်ထားနော်။ တိတ်တိတ်လေးသွားနော်။  နင် ဘာဖြစ်လို့ တောင်အောက် ဆင်းသွားလဲဆိုတာ တခြားလူတွေ မေးရင် စားစရာမရှိလို့ ငါ စားစရာ တချို့ ဝယ်ခိုင်း လိုက်တယ်လို့ ​ပြောလိုက် ဟုတ်ပြီလား…။"

“သိပါပြီ။အခုသွားတော့မယ်…၊” သူ(မ)တံခါးမှ ထွက်လိုက်သည်နှင့် တဲရှေ့တွင် ယောကျာ်းလေး အုပ်စုတစ်စုကို တွေ့လိုက်ရ၏။ သူတို့အားလုံး၏ မျက်ဝန်းများမှာ မီးဝင်းဝင်းတောက်နေတော့၏။ 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now