အပိုင်း(၁၅၉) ခင်ဗျား ဆင်းရဲသားတွေကို ကူညီတဲ့ပုံက မဟုတ်သေးပါဘူး

150 27 0
                                    


ထိုသို့ တွေးမိရင်း ဖန်းကျန့် ကားပေါ်မှ ဆင်းလာ ခဲ့၏။

ရွာသားများမှာ ကျင်းယန်အား အနည်းငယ် သံသယဝင်နေသည့်တိုင် သင်္ကန်းကို ဝတ်ဆင်ထားပြီး နှင်းထုအလယ် တောက်ပစွာ ရောင်ပြန်ဟပ်နေသည့် ဝင်းပြောင်ပြောင်ဦးပြည့်ပိုင်ရှင် ဖန်းကျန့်ကို မြင်လိုက်ရသောအခါ ၎င်းတို့၏ မျက်လုံးများ ဝင်းလက်သွားပြီ အရှေ့သို့ တိုးလာကြ၏။ 

ထိုအချင်းအရာကို မြင်လိုက်သောအခါ ကျင်းယန်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ပြီး “ဘာမှတွေးမနေပါနဲ့။  ရှင်တို့လိုချင်တာကို ယူလိုက်ပါ။ လူတစ်ယောက်ကို အများကြီး ယူလို့တော့မရဘူးနော်။ ကျွန်မ အရေးကြီးတဲ့ အသုံးအဆောင်ပစ္စည်းတချို့နဲ့ အဝတ်အစားနည်းနည်းပါးပါးပဲ ယူလာတာ။ ကလေးမလေး ဒီကို လာခဲ့စမ်း…။ ဒီမှာ နင့်အတွက်၊” ကျင်းယန်က  ပြောပြောဆိုဆို လက်ဆွဲသေတ္တာ တစ်လုံးကို ထုတ်ယူလာကာ စူးစမ်းလိုစိတ်ဖြင့် အရှေ့သို့ တိုးထွက်လာသော ကလေးမလေးတစ်ယောက်အား ကမ်းပေးလိုက်၏။ 

ထိုကလေးမ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး သူမ)၏ မျက်နှာမှာလည်း အတန်ငယ်ညစ်ပေနေသည်။ သူမ၏ မျက်ဝန်းနက်များက ဝိုင်းစက်စက်နှင့်၊ မျက်နှာထက်တွင် လိုချင်တပ်မက်သော အရိပ်အယောင်များ ထွက်ပေါ် လာသော်ငြား ရှေ့ဆက်သွားရန် တုံ့ဆိုင်းသွား၏။

ကျင်းယန် မျက်နှာပျက်သွား၏။  “ငါ ဘီလူးမ မဟုတ်ဘူး၊ လာယူ… ဒါနင့်အတွက်။” 

ဖန်းကျန့်မှာ  ကျင်းယန်နှင့် ထိုမိန်းကလေးအား လှမ်းကြည့်နေလေ၏။ ထို့နောက် သူသည် မျက်မှောင်ကျုံ့လျက် အရှေ့သို့ တိုးထွက်လာပြီးလျှင် ကျင်းယန်လက်ထဲမှ လက်ဆွဲအိတ်ကို ဆတ်ခနဲ လှမ်းယူလိုက်ပြီးလျှင် ကားနောက်ခန်းထဲသို့  ပြန်ပစ်ထည့်လိုက်၏။ 

ကျင်းယန်က ထူးဆန်းသွားဟန်ဖြင့် စိုက်ကြည့်လာသလို ကလေးမလေးကလည်း ကြောက်ရွံ့သွားကာ  နောက်သို့ ခြေတစ်လှမ်းဆုတ်သွား၏။ အခြား ရွာသားများလည်း မျက်နှာပျက်သွားပြီး စိုးရိမ်မှုက နောက်တစ်ဖန် ထွက်ပေါ် လာပြန်၏။ 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now