အပိုင်း(၁၉၈) ဝမ်းနည်းစရာ အချိန်၊ လူတွေကို ဂရုဏာသက်မိပါရဲ့(၃/၃)

106 18 0
                                    


ဤကား ဇာတ်လမ်းအကျဥ်းရုံးဖြစ်သည်။ ဇာတ်ညွှန်းမှာမူ အကျယ်တဝင့်ရေးဖွဲ့ထားသော ဇာတ်ကွက်ငယ်တစ်ခန်းစာသာ။ ကင်းထောက်တစ်ဦးအနေဖြင့် ဟွားမုလန်နှင့် သူ(မ)၏ သွေးသောက်တပ်ဖွဲ့သည် ဟို့လန်(Helan)တောင်​ကြောကို ထောက်လှမ်းနေရင်း ရိုရန်မျိုးနွယ်စုလက်မှ ထလွတ်မြောက်ရန် မြောက်ပိုင်းမှ တောင်ပိုင်းသို့ ထွက်ပြေးရန် ကြိုးပမ်းနေသော ဒုက္ခသည်များကို ပက်ပင်းကြုံလိုက်ရသည်။ ရွာသူရွာသားများကို ဖေးမကူညီသောအားဖြင့် မုလန်တို့သည် တိုက်ပွဲထဲ၌ စွမ်းစွမ်းတမံတိုက်ခိုက်ခဲ့သည်။ ရိုရန်ကျူးကျော်သူများသည် စစ်သည်များကို တန်ပြန်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အကျအဆုံးများပြားခဲ့သည်။ ဟွားမုလန်လည်း ဒဏ်ရာအပြင်းအထန်ရ၍ သတိလစ်မေ့မျောသွားသည်။

အနီးရှိ ဘုန်းကြီးကျောင်း၌ သီတင်းသုံးသူ ဘုန်းကြီးတစ်ပါးသာ် တိုက်ပွဲသံကို ကြား၍ အပြေးရောက်လာခဲ့သည်။ အခြေအနေကို ရွာသားများမှ ​ပြောပြသဖြင့် သူသည် ဆို့နင့်သွားခဲ့ရသည်။ တိုက်ပွဲမြေပြင်သို့ ရောက်သွားချိန် သူအလွန်နောက်ကျသွားလေပြီ။ အားလုံးအတုံးအရုံးသေဆုံးကုန်ကြလေပြီ။ မြေပေါ်ရှိ တောင်ပုံရာပုံ အလောင်းများကို ကြည့်၍ သူယူကျုံးမရ စိတ်ထိခိုက်သွားရသည်။ သရဏဂုဏ်တော်သုတ်ကို ရွတ်ဆိုရင်း အလောင်းများကို သူမြှုပ်နှံပေးခဲ့သည်။ နောက်ဆုံးတွင် ဟွားမုလန်အသက်ရှိသေးကြောင်း သိသွားသဖြင့် ဆေးကုသပေးရန် ဘုန်းကြီးကျောင်းသို့ ဆောင်ယူသွားခဲ့သည်။

တစိခန်းရပ်ဇာတ်လမ်းတိုမျှသာဖြစ်ကာ ယနေ့၏ ပဓိကအခန်းမှာ အလောင်းများ အတုံးအရုံးလဲကျနေပုံဖြစ်သည်။ စစ်သားများ သူ့ထံသို့ ရောက်လာသည့် အချိန်တွင် သူ့အဖို့ စကားတစ်ခွန်းမှလည်း ပြောရန် မလိုပေ။

ဖန်းကျန့်မှာ ဇာတ်ညွှန်းကို ဖတ်ပြီးသည်နှင့် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်း ချလိုက်မိ၏။ နောက်ဆုံးတွင် ဇာတ်ညွှန်းတစ်ခုလုံးကို သူနားလည်သွားပြီ မဟုတ်ပါလား။ တစ်ချိန်တည်းမှာပင် သူလုပ်ရမည့် အလုပ်များကိုလည်း သူသိလိုက်ရ၏။ သူ့အနေဖြင့် ရိုးရှင်းသော ဇာတ်ရုပ်တစ်ခုကိုသာ သရုပ်ဆောင်ရန် လိုအပ်သည် မဟုတ်ပါလား။ အကယ်၍ သူသာ ဒိုင်ယာလောခ့်များကို ပြောပြရမည်ဆိုပါက မည်သို့ ပြောရမည်မှန်း သူမသိဘဲ ​အိုးနင်းခွက်နင်းဖြစ်နေပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် မည်သို့ သရုပ်ဆောင်ရမည်ကို သူမသိခြင်းကြောင့် ဖြစ်လေသည်။ ထိုအခန်းက ရိုးရှင်းသည်ဟု ထင်ရသော်လည်း ပါဝင်ရမည့် သူ့ကဏ္ဍက အသေးအမွှားမဟုတ်ပေ။ လူအများ နာကျင်ခံစားနေရမည့် အချိန်တွင် အကျင့်သီလစင်ကြယ်သော ဘုန်းကြီးတစ်ပါးအနေဖြင့် ကောင်းရာဘုံသုဂတိသို့ လားစေရန် သရဏဂုံတင်ပေးရမည်က ရှောင်လွှဲ၍ရသော ကိစ္စမဟုတ်ပေ။ သို့မဟုတ်ပါက ဒါရိုက်တာယွီအနေဖြင့် အစစ်အမှန် ဘုန်းကြီးတစ်ပါးကို ခေါ်သွင်းလိမ့်မည်မဟုတ်ပေ။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now