~ 28 ~

574 77 41
                                    

Unicode

ရှောင်ကျန့် ၀မ်ရိပေါ်ကို လျစ်လျူရှုထားတာ
နာရီ အတော်ကြာနေပြီ ဖြစ်သည် ။ ပြောရရင်
လျစ်လျူရှုထားသည်ဆိုတာထက် စကားတွေ
ပြန်မပြောတာဆို ပိုပြီး မှန်လိမ့်မည်ထင်သည် ။

" အရမ်းမာတာတွေနဲ့တော့ မတည့်သေးပေမဲ့
ထမင်းတော့ ပြန်စားလည်းရပြီလို့ ဆရာ၀န်က
ပြောတယ် အဲ့တာကြောင့် ထမင်းပြင်လာတယ် "

ထုံးစံအတိုင်း အနီတစ်ကန့် ၊ အစိမ်းတစ်ကန့်
ဆင့်ထားတဲ့ ချိုင့်တစ်ခု ။ ရုံးမှာ စားနေကျတိုင်း
ထုတ်ပိုးထားတဲ့ ပုံစံတစ်မျိုး ။ အနံ့ရလိုက်တာနဲ့
အိမ်ထိန်းအဒေါ်ကြီးရဲ့လက်ရာမှန်း သိသာနေတဲ့
ဟင်းပွဲတွေက ငါ့ အကြိုက်တွေချည်းဖြစ်တယ် ။

ဒါကြောင့် ချက်ချင်းပဲ ဆာလောင်လာတဲ့
ဗိုက်ထဲက ခံစားချက်ကို မသိသာမိအောင်
ဖုံးရင် လျှာသပ်လိုက်ကာ...သန့်ရှင်းပြီးသား
တူနဲ့ဇွန်းကို လက်ကိုင်ပုဝါနဲ့ ထပ်သုတ်နေတဲ့
၀မ်ရိပေါ်အား စိတ်မရှည်သလို ကြည့်မိတယ် ။

" ဟင်းတွေက မွှေးတော့ ဗိုက်ဆာနေပြီ ဟုတ် ? "

မျက်နှာကျက်ဆီ တန်းခနဲ ရောက်သွားမိတဲ့
အကြည့်တွေ ! ဘာလို့ အဲ့ကောင်စုတ်လေးက
ရုတ်တရက်ကြီး ငါ့ကို လာမော့ကြည့်တာလဲ ? !

သူ့အလုပ်သူ မြန်မြန်မလုပ်ဘဲနဲ့ ! လန့်လိုက်တာ ~

" ဒါတွေ အကုန် ကိုကို့အတွက်ပဲ အများကြီးစား "

ချော့သံလိုလိုပါနေတဲ့ ၀မ်ရိပေါ်ရဲ့ အသံဟာ
ပုံမှန် ဩရှရှထက် ပိုပြီး အနည်းငယ် ညင်သာ
ပျော့ပြောင်းတဲ့ဘက်ကိုသွားတယ် ။ မသိရင်
သူ့အသံက စိတ်ကောက်တဲ့ ကလေးလေးကို
ချော့မြူနေတဲ့ မိခင်ကြီးလိုပဲ နူးညံ့နေတယ် ။

နားထောင်ရတာ အရမ်းကို ကြက်သီးထစရာမို့
နှုတ်ခမ်းနားထိ လာခွံ့ကျွေးနေတဲ့ ဇွန်းကို ဆွဲလု
လိုက်ရင်း ကိုယ့်ဘာသာပဲ စားဖို့ပြင်လိုက်တယ် ။

" စားပြီးသွားရင် ဆေးသောက်ရမယ်နော် "

ရေဘူးနဲ့အတူ ဆေးလုံးတွေပါ ပြင်ဆင်ထားတဲ့
၀မ်ရိပေါ်က အိတ်ကပ်ထဲက ချိုချဥ်တစ်လုံးကိုပါ
အဆင်သင့်ထုတ်ထားရင်း ငါ စားတာကို ထိုင်ပြီး
ကြည့်နေတော့တာ...ဒါကို စားနေရင်းနဲ့ မျက်လုံး
ထောင့်က တစ်ဆင့်မြင်နေရတဲ့ ငါ့အတွက်တော့
စားရသောက်ရတာ အဆင်​မပြေချင်တော့ဘူး ။

IF OUR LOVE IS WRONG...Where stories live. Discover now