~ 22 ~

626 88 27
                                    

Unicode

- လမ်းခွဲရအောင် ငါတို့က မလိုက်ဖက်ဘူး -

" တောက် ! ! ! "

သူ(မ)စိတ်ထဲ အခု မိန်းကလေးဆိုတဲ့
အသိတောင် မကပ်ကျန်တော့တဲ့အထိ
တောက်ခေါက်ပြီး ဒေါသထွက်မိတယ် ။

တစ်ကြိမ် ? နှစ်ကြိမ် ? သုံးကြိမ် ?
လေး ၊ ငါး ၊ ခြောက်ကြိမ် ? ခုနစ်ကြိမ် ?

မကိုင်ဘူး ! အဲ့ဖုန်းက ဘာလို့ မကိုင်ရတာလဲ ? !

" အားးးးး "

ကြမ်းပြင်ပေါ် အရှိန်ပြင်းပြင်း လွင့်စင်ပြုတ်ကျ
ကုန်တဲ့ အလှကုန်ပစ္စည်းတွေဟာ စျေးကြီးပေးပြီး
၀ယ်ထားရတာတွေပေမဲ့ သူ(မ)မနှောမြောမိဘူး ။

ဒါတွေက လိုချင်ရင် အချိန်မရွေးရနိုင်တယ် ။
ပိုက်ဆံသာရှိရင် အချိန်မရွေး ပြန် ၀ယ်ရတယ် ။

ဒါပေမဲ့ ရှောင်ကျန့် ! အဲ့လူကတော့ မရနိုင်ဘူး !
ပိုက်ဆံရှိလည်း မရဘူး ! ၀ယ်လို့လည်း မရဘူး !

သူ(မ)ဟာ အဲ့လူကိုမှ တပ်မက်နေမိတာ !

ဘယ်ယောက်ျားကိုမှ စိတ်မ၀င်စားခဲ့ဖူးပေမဲ့
ရှန်ဟိုင်းမြို့က နာမည်ကြီး ဘားတစ်ခုမှာ
ပထမဆုံးအကြိမ်တွေ့ဖူးတဲ့ သူစိမ်းလေး
ရှောင်ကျန့်ကိုမှ သူ(မ) ရင်ခုန်ခဲ့မိတာ !

သူ(မ)အတွက်တော့ ရှောင်ကျန့်ဟာ
မြင်မြင်ချင်းချစ်ခဲ့ရတဲ့ ချစ်သူဖြစ်တယ် ။

စတွေ့တုန်းက ချောင်ကျတဲ့ ဝိုင်းတစ်ခုမှာ
တစ်ယောက်တည်း ထိုင်သောက်နေခဲ့တဲ့
ရှောင်ကျန့်ရဲ့ ပုံရိပ်က အထီးကျန်တယ် ။

သူ့ပုံစံဟာ အသည်းကွဲနေခဲ့ပုံပေါ်ပြီး
လောကကြီးကို အပြစ်တင်နေဟန်လည်း
တူတယ် ။ သူ(မ)အတွက်တော့ အဲ့ပုံလေးက
ကရုဏာသက်ချင်စရာကောင်းပြီး တယုတယ
နှစ်သိမ့်ပေးချင်စဖွယ်လေးဖြစ်လို့နေခဲ့တယ် ။

ဒါကြောင့် အနားကို ကပ်သွားလိုက်မိတာနဲ့...။

" ထွက်သွား ! ! ! "

ထင်မှတ်မထားစွာပဲ
မာနအရမ်းကြီးတယ် ။

" လာ မနှောင့်ယှက်နဲ့ ! ! "

ချဥ်းကပ်ရမလွယ်ဘူး ။

" မင်းကို စိတ်မ၀င်စားဘူး ! "

IF OUR LOVE IS WRONG...Where stories live. Discover now