~ 30 ~

607 78 28
                                    

Unicode

သူ(မ)ထွက်သွားတုန်းက မကျခဲ့တဲ့ မျက်ရည်က
အခု ပါးမရှိတဲ့အခါမှာလဲ ခြောက်သွေ့နေဆဲပါပဲ ။

ဘယ်ကတည်းက စပြီးလဲ မသိတော့ပေမဲ့
ငါဟာ မိဘတွေရှေ့ဆို မငိုတတ်တဲ့ ကလေး
တစ်ယောက်ဖြစ်ခဲ့တယ် ။ ဒါကြောင့်ပဲလား ?

ငိုပြတဲ့ ကလေးအချစ်ခံရတယ်ဆိုတဲ့ စကားနဲ့
ငါဟာ ငယ်ငယ်ကတည်းက သွေဖယ်နေခဲ့တာ !

အဲ့ဒီ့ ပြုံးရယ်နေတဲ့ မှန်ဘောင်ထဲက ပါးရဲ့
မျက်နှာဟာ ငါ့အတွက်တော့ အနည်းငယ်
စိမ်းသက်နေတယ်လို့ ပြောရင် မမှားနိုင်ဘူး ။
ဘယ်လိုနေနေ တွေ့တိုင်း အမြဲ တကျက်ကျက်
ရန်ဖြစ်ရတဲ့ ပါးနဲ့ငါက မျက်နှာချင်းဆိုင်မိတာနဲ့
စကားပဲ များခဲ့ကြပြီး တစ်စက်မှလဲ မတည့်ဘူး ။

ငါဟာ အမြဲတမ်း ပါးအတွက်ဆို ဂျစ်ကန်ကန်
စကားနားမထောင်တဲ့ သားတစ်ယောက်အပြင်
မပိုခဲ့တာကို...ဘာလို့ ငါ ကားတိုက်ရုံလောက်နဲ့
ပါးဟာ နှလုံးရှော့ခ်ထဖြစ်ရတာလဲ ? အာ သိပြီ !

ပျော်လို့မလား ? ဒီလို စကားနားမထောင်တဲ့
သားလေးတစ်ယောက်ကို နောက်ဆုံးတော့ ငါ
မထိန်းရတော့ဘူးဆိုပြီး ပျော်လွန်းတွေဆို့တာ !

" ဟုတ်တယ်မလား ပါး "

မကောင်းလိုက်တာ ! ဒီတိုင်း ကျန်းကျန်းမာမာ
ထိုင်၀မ်းသာနေလည်းရတဲ့ဟာကို ဘာလို့လဲ ? !
ဘာလို့ အဲ့လောက်ထိ ထိန်းမနိုင် သိမ်းမရလဲ ? !

တကယ်ပဲ လူကို စိတ်မကောင်းဖြစ်အောင်လို့ ~

" ငိုချင်ရင် ငိုချလိုက်ပါ "

" တိတ်စမ်း ! ဘာကို ငိုရမှာလဲ ? !
ငိုစရာ ဘာအကြောင်းမှ မရှိဘူး ပါး
အခု ပါးမရှိတော့ဘူးဆိုတော့လေ သား
၀မ်ရိပေါ်ကို အနိုင်ကျင့်ရင်လဲ ရပြီမလား "

ရှောင်ကျန့် ခပ်ကျယ်ကျယ် ရယ်မောလိုက်ပြီး...။

" သား အခု သူ့ကို ဆံပင်လဲ ဆွဲမယ် !
ထိုးလဲ ထိုးမယ် ! အနိုင်လဲ ကျင့်မယ် !
ဆိုရင်ရော လာ မတားတော့ဘူးလား ?

ဟွန် ? အရင်လို မယားပါသားကို
ဂရုမစိုက်တော့ဘူးလားလို့ ! ! ! ! ! "

" ကိုကို ! သတိထားဦး ! ! စိတ်ကို ထိန်းဦး ! ! ! "

လက်မောင်းကို လာဆွဲတဲ့ ၀မ်ရိပေါ်အား
တွန်းထုတ်ပစ်လိုက်ပြီး ပါးရဲ့ အရိုးပြာအိုးကို
ငါ စိုက်ကြည့်လိုက်မိတယ် ။ ပြီးတာနဲ့...။

IF OUR LOVE IS WRONG...Opowieści tętniące życiem. Odkryj je teraz