~ 34 ~

374 66 39
                                    

Unicode

နဂိုကတည်းကမှ ရဲတင်းပြီးသား
လီယိုကန်ဇိုဟာ ဖွင့်ပြောပြီးနောက်မှာ
ပိုလို့တောင် အတင့်ရဲလို့ ငါ့ရုံးခန်းထဲထိ
ပိုင်စိုးပိုင်နင်းနဲ့ ၀င်ရောက်လာတယ် ။

" မင်းကို ဘယ်သူ ဒီထဲ ၀င်ခွင့်ပေးလိုက်တာလဲ "

" ခင်ဗျား အတွင်းရေးမှူးလေ
ချောလို့တဲ့ ကျွန်တော့်ကို "

မေးစေ့အောက် လက်နှစ်ဖက်ထောက်လို့
စပ်ဖြဲဖြဲလုပ်နေတဲ့ မျက်နှာအား မကြည့်ချင်စွာ
ငါ့မျက်လုံးတွေကို အပေါ်သို့ လှိမ့်လိုက်မိတယ် ။

" အရှက်ကို မရှိဘူး ! "

" ရှိပါတယ်နော် ကြည့်ချင်ရင် ချွတ်ပြရမလား "

အနားတိုးလာပြီး ခါးကော့ပြတာကြောင့်
လက်သီးကို အဆင်သင့်ရွယ်လိုက်မိတယ် ။

" မျက်ခွက်စုတ်အောင် အထိုးမခံချင်ရင်
အခုချက်ချင်း နောက်ကို ဆုတ်လိုက်တော့ ! "

" ဟွန့် စိတ်ကြီးပဲ "

" လာရင်း ကိစ္စကိုပြော "

" လွမ်းလို့ ~ "

နှုတ်ခမ်းကိုပါ ပြုစ်ခနဲအသံမြည်အောင်ဆူပြရင်း
မျက်ခွက်လာပြောင်နေသူအား ငါ တစ်ချက်တော့
ထထိုးသင့်ပြီလို့ ထင်တယ် ။ အဲ့ဒီ့လီယိုကန်ဇိုက
ဘာလို့များ ဒီလောက်ထိတောင် အမြင်ကတ်စရာ
ကောင်းပြီး ကုတ်ဖဲ့ချင်စရာကောင်းနေရတာလဲ ?

" ဆက်ပြီး ဒီလိုပဲ စနေမယ်ဆို ထွက်သွားလိုက်ပါ
လီယိုကန်ဇို ငါ့မှာ မင်းအတွက် အချိန်ရယ်မရှိဘူး "

" ရက်စက်လိုက်တာ အချစ်ရယ် "

" အတည်ပြောနေတာ ငါ ထမထိုးခင် လစ်တော့ "

ကော်လံစကို အတည် ထထိုးတော့မလို
ဆွဲလိုက်မှ လက်မြှောက်ပြပြီး စတာ
ရပ်သွားခဲ့တဲ့ လီယိုကန်ဇိုက...။

" အိုခေ အိုခေ မနောက်တော့ဘူး
ဒီတစ်ခါ အတည်ပေါက်ပြောမယ် "

ငါ့လက်ကို အသာတကြည် လွှတ်ခိုင်းလာပြီး...။

" လာရင်းကိစ္စက အလုပ်​​ကြောင့်ပဲ "

သူ့ အင်္ကျီအောက်က စာချုပ်တစ်ခုအား
ဆွဲထုတ်ရင်း ငါ့ရှေ့ကို ထုတ်ပြလာတယ် ။

IF OUR LOVE IS WRONG...Where stories live. Discover now