~ 23 ~

725 84 34
                                    

Unicode

" ဘာလို့ သူများကို ခိုင်းတာလဲ "

"........."

" မင်း ကော်ဖီသောက်ချင်ရင်
ငါ အခု မှာပေးလို့ရတယ် သူ့ကို
သွားပြီး ဖျော်ခိုင်းစရာ မလိုဘူး "

" ဖလော်ရီနာ မဖျော်ခိုင်း..."

" သူက မင်းရဲ့အစေခံ
မဟုတ်ဘူး ဖလော်ရီနာ ! "

တင်းမာနေတဲ့ မျက်နှာထားနဲ့ ပြောလာတဲ့
ကိုက တော်တော်လေး စိတ်တိုနေပုံရတယ် ။

ပြဿနာဟာ ဒီလောက်ထိ ကြီးသွားသလား ? !

" မင်းရဲ့အိမ်မှာ မမလေးတစ်ယောက်လို
နေပြီး တွေ့သမျှ လူတိုင်းကို ခိုင်းရသလား
ငါ မသိပေမဲ့ ! ငါ့ ကုမ္ပဏီမှာတော့ မရဘူး ! "

" ကို ! ဖလော်ရီနာက..."

" ငါ့ဘ၀မှာ ဘယ်လိုလူတွေကို အမုန်းဆုံးလဲ
မင်း သိလား ? ကိုယ့်ကိုယ်ကိုယ် ဘ၀င်မြင့်ပြီး
အရာရာမှာ ထင်တိုင်းကြဲနေတဲ့ လူတွေကိုပဲ ! "

" ကို ! ! ! ပြောတာတွေ လွန်နေပြီနော် !
ဒီကိစ္စ ဒီလောက်ထိ ပြောဖို့ လိုလို့လား ? "

" စိတ်ပျက်ဖို့ကောင်းတယ် "

" ? ! "

" ငါ မင်းကို ဒီလိုမျိုး မထင်ထားဘူး "

သူ(မ)အနေနဲ့ အပြစ်ကြီးတစ်ခု
ကြူးလွန်ထားမိသလို မျက်၀န်းတွေနဲ့
အကြည့်ခံလိုက်ရလို့ ပြောစရာပါမဲ့တယ် ။

ဒီကိစ္စ သူ(မ) အမှားမှ မဟုတ်တာ !

" နောက်တစ်ခါ ကုမ္ပဏီကို မလာခဲ့နဲ့တော့ "

အံ့ဩစရာကောင်းလောက်အောင်ပဲ
သူ(မ) နှင်ထုတ်ခံလိုက်ရတာလား ?
_____________________________

တူထုချသံ သုံးချက်အဆုံးမှာ လှပတဲ့
ကျောက်မျက်ရတနာကို သူ(မ)ရတယ် ။

ငွေကြေးတော်တော်များများ
ပုံအောလိုက်ရပေမဲ့လည်း
ကို လိုချင်နေတဲ့ ရတနာကိုမှ
ကြားက ဖြတ်လုနိုင်လိုက်တာမို့
သူ(မ)စိတ်တွေကျေနပ်နေမိတယ် ။

ဒီကျောက်မျက်ရတနာက ပုံမှန် ကျောက်စိမ်းတုံး
တစ်တုံးသာဖြစ်ပေမဲ့ ကုမ္ပဏီတစ်ခုနဲ့ လက်တွဲဖို့
ဆောင်ရွက်နေတဲ့ ရှောင်ကျန့်အတွက်တော့ အဲ့
ကုမ္ပဏီရဲ့ဥက္ကဌအကြိုက်ဖြစ်နေတဲ့ ဒီကျောက်ကို
လက်ဆောင်အဖြစ်ပေးဖို့ရာ လိုအပ်နေတာပင် ။

IF OUR LOVE IS WRONG...حيث تعيش القصص. اكتشف الآن