~ 8 ~

1.2K 171 49
                                    

Unicode

" ဘာလုပ်တာလဲ ? ! ! ! "

လက်ဖြင့် ထိလိုက်မိတော့ ခပ်နွေးနွေးရှိနေတဲ့
ငါ့ နှုတ်ခမ်းသားပေါ်က အငွေ့အသက်တစ်ခု !

တရားခံဟာ အသိစိတ်လွတ်နေသူပမာဖြစ်ပြီး
မျက်နှာတစ်ခုလုံး ဖြူစုတ်နေကာ ကြောက်ရွံ့
တုန်လှုပ်နေလိုက်တာများ....! နစ်နာသူဟာ
သူမှန်း ငါမှန်း မသဲကွဲလောက်အောင်ကို !

" ၀မ် ရိ ပေါ် "

" မ...မ..မဟုတ်ဘူး ! အဲ့လို !
မဟုတ်ဘူး ! ! မဟုတ်ဘူး ! ! ! "

ဘာကို မဟုတ်ဘူးအော်မှန်းလည်းမသိရဘဲ ကား
ပေါ်က ဆင်းပြေးသွားတဲ့ ၀မ်ရိပေါ်က ခြံတံခါးကို
၀င်ဆောင့်မိပြီး လဲကျသွားတာကြောင့် ကားပေါ်က ကြည့်နေရင်းနဲ့တောင် ခါးမတ်မိသွားတယ် ။

လက်ပတ်နာရီကနေ တချက်ချက်အသံပေါင်း
များစွာမြည်ပြီးတဲ့အထိကို လဲကျလျက်သား
ဖြစ်နေတဲ့ ၀မ်ရိပေါ်က ပြန်ထမလာသေးဘူး ။

ငါ အရမ်းကို စိတ်ရှုပ်ထွေးနေတာကြောင့်
၀မ်ရိပေါ်နား မသွားချင်ပေမဲ့ " ဧကန " ဆိုပြီး
ကားပေါ်က ဆင်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။

" သူတစ်ခုခုဖြစ်ရင် ပါးပါးက
ငါ့ကိုပဲ ဆူဦးမှာ မဟုတ်လား ? ! "

ကားတံခါးကို ပိတ်လိုက်တာနဲ့ အမှောင်ထဲက
ပုံရိပ်ဖျော့ဖျော့ဟာ တောင့်ခဲသွားသလို ကျောမတ်သွားတာကို မြင်လိုက်ရတယ် ။ အနားကပ်
သွားလေလေ ကပျာကယာဖြစ်လာလေလေနဲ့
၀မ်ရိပေါ်က ဝုန်းခနဲထရပ်တော့ ငါလန့်သွားတယ် ။

" ၀မ်...."

ခြံတံခါးကို တွန်းဖွင့်၀င်သွားတဲ့ အသံဟာ
ကျွီခနဲ မြည်သံဆွဲပြီးနောက် ၀မ်ရိပေါ်ဟာ
ငါ့ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားတယ် ။

၈နှစ်ကြာပြီးမှ ၀မ်ရိပေါ်ရဲ့ ဒီလိုပုံစံကို ငါ
ထပ်မြင်ရတာ ! အမူးပါ ပြေသွားစေတယ် ။

နားထင်ကို လက်နဲ့ဖိကိုင်ရင်း ၀မ်ရိပေါ် သွင်းပေး
မသွားတဲ့ ကားပေါ်ကို ပြန်တက်ထိုင်လိုက်တယ် ။
ဒီတစ်ခါတော့ မောင်းသူနေရာကနေ ဖြစ်တယ် ။

စတီယာတိုင်ပေါ် နဖူးအပ်ချလို့ ခုနက
" ဘာတွေဖြစ်ပျက်သွားတာလဲ "ဆိုတာ
ငါ မနည်းလိုက်မှီအောင် စဥ်းစားရတယ် ။

IF OUR LOVE IS WRONG...Where stories live. Discover now