~ 18 ~

1.3K 122 42
                                    

Unicode

တစ်နှစ်ကနေ နှစ်,နှစ် ၊ နှစ်,နှစ်ကနေ သုံးနှစ်
ဖြစ်လို့ တရား၀င်အသက်တွေ ပြည့်လာခဲ့တယ် ။
လူကြီးအဖြစ် တစ်ကိုယ်တည်း ရပ်တည်နေနိုင်ဖို့
ကိုယ့်ဘာသာကိုယ်ပဲ အလုပ်ကို ရှာလုပ်ရတယ် ။

ဒီလိုနဲ့ပဲ လိမ်ဖယ် လိမ်ဖယ် ကြိုးစားနေရရင်း
တစ်ဖက်မှာတော့...ကိုကိုဟာ နေ့စဥ် နေ့တိုင်း
စီးပွားရေး သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ
နေရာယူထားတဲ့ Xiao Group CEO တစ်ယောက်
ဖြစ်နေနှင့်ပြီ ။ ကိုကိုဟာ ကျွန်တော်နဲ့မတူပါဘူး ။
ငယ်ငယ်တည်းက အရမ်း ထက်မြက်ခဲ့တာလေ ။

မဂ္ဂဇင်းတစ်ခုရဲ့ အဖြူအမည်း ဓာတ်ပုံထဲမှာတောင် တောက်ပနေသေးသည့် ပုံရိပ်လေးကို
ကြည့်ရင်း ရင်တွေ အဆမတန် ခုန်လာတာများ
ခြေမကိုင်မိ လက်မကိုင်မိနဲ့ ! မမေ့နိုင်သေးဘူး !

လေး ၊ ငါး ၊ ခြောက်နှစ်ကြာလို့
ကိုယ်ပိုင်အလုပ်အကိုင်ရပြီး ကိုယ့်
ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီ ။

သတင်းတွေ တီဗွီအစီအစဥ်တွေမှာပါ ဖော်ပြနေ
ပြီဖြစ်တဲ့ ကိုကို့ရဲ့ဂုဏ်သတင်းဟာ တစ်နှစ်ထက်
တစ်နှစ် ပို ပိုပြီး မြင့်တက်လာတာ တရုတ်နိုင်ငံမှာ
အချမ်းသာဆုံး စာရင်းတောင် ၀င်သွားခဲ့ပြီဆိုပဲ ။

တသိမ့်သိမ့် ကြည်နူးတက်လာတဲ့ နှလုံးအိမ်မှာ
ဆယ်ကျော်သက်အရွယ် ရင်ခုန်သံဆိုတာမျိုးတွေ
မပါ၀င်နေတော့ဘူး ။ ကိုကို့အတွက် ၀မ်းသာပီတိ
ဖြစ်မိရုံအပြင် အရမ်းကြီး နက်ရှိုင်းတဲ့ အချစ်တွေ
မရှိခဲ့တော့ဘူး ! ခံစားချက်တွေ စအနည်ထိုင်ပြီ !

မနှစ်ကတည်းက ကျန်းမာရေးအခြေအနေ
ဆိုးရွားလာတဲ့ မားက ဒီနှစ်လည်း ပြန်ကောင်း
မလာသေးဘူး ။ သွေးကင်ဆာ နောက်ဆုံးအဆင့်
ဆိုပါစေဦး ! ကယ်နိုင်မယ့် ဆရာ၀န်တစ်ယောက်
တော့ ရှိဦးမှာပါ ။ ကမ္ဘာ​ကြီးက အကျယ်ကြီးဟာ
တစ်ယောက်မဟုတ် တစ်ယောက်ကတော့ မားကို
ကယ်တင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။

" ရိပေါ်လေး မွေးတဲ့မြေဆီ မား ပြန်ချင်တယ် ~ "

ယုံကြည်ချက်တွေ ပျက်သုဥ်းကုန်တဲ့ အဲ့ဒီနေ့မှာ
ဆရာ၀န်က မားကို တစ်လပဲ ရှင်ရတော့မယ်လို့
ပြောလာခဲ့တာကြောင့် ဆွဲထိုးပစ်ခဲ့မိတယ် ။

IF OUR LOVE IS WRONG...Where stories live. Discover now