~ 9 ~

1.1K 147 57
                                    

Unicode

မှန်ထဲက မျက်ကွင်းဟောက်ပက်နဲ့
ဖရိုဖရဲဖြစ်နေတဲ့ ငါ့ ပုံရိပ်ကို ငါ
အထူးအဆန်း ကြည့်နေမိတယ် ။

ငါတော့ ငါပေမဲ့ ငါမဟုတ်သလိုမျိုး !

ပေါက်ပြဲနေတဲ့ နှုတ်ခမ်းသားတွေကို
ထပ်ဖိကိုက်လိုက်တော့ စိမ့်ထွက်လာတဲ့
သွေးရည်ကြည်တွေဟာ အများသား !

လက်နဲ့ ခပ်ကြမ်းကြမ်း ဖိပွတ်လိုက်တော့
ပါးပြင်ပေါ်ထိအောင် အကြောင်းလိုက်
စွဲထင်ကျန်ရစ်သွားခဲ့တဲ့ သွေးစက်ရာ !

ရေနဲ့ အထပ်ထပ် အခါခါ ဆေးချနေတာတောင်
ပြောင်စင်မသွားဘူးပဲ စိတ်ထဲ ထင်နေတာကြောင့်
ရေပုံးထဲ ခေါင်းနစ်သည်အထိ နှစ်ချလိုက်တယ် ။

ဒီလောက်ဆို မှတ်ဉာဏ်တွေကိုရော
ဆေးကြောပစ်လို့မရနိုင်ဘူးလား ?
_____________________________

[ " ချစ်တယ် ~ " ]

[ "........" ]

[ " ဖြူစင်တဲ့မေတ္တာကို ကျော်လွန်ပြီးတော့ ~ " ]

[ " ၀မ်ရိပေါ် ! ငါတို့က... " ]

[ " သိတယ် ! သိတယ်လို့ အဲ့တာကြောင့် !
မချစ်သင့်မှန်းသိပေမဲ့ ချစ်နေခဲ့တာကြောင့် !
ချစ်နေမိတာကြောင့် ! မုန်းတယ်လို့တော့
မပြောလိုက်ပါနဲ့ ~ " ]

[ " မင်း ! ! ! ငါ့ပေါ်က ဖယ်စမ်း အခု ! " ]

[ " ကျွန်တော့်ကို မမုန်းလိုက်ပါနဲ့~ ကိုကို ~ " ]

[ " ငါ့ကိုလွှတ်လို့ ပြောနေတယ်နော် ၀မ် ရိ ပေါ် " ]

[ " အဲ့သလောက်တောင် မုန်းတာပဲလား ~ " ]

[ " မင်း ဒီလိုမျိုး ဆက်လုပ်နေရင်
အဲ့သလောက်ထက်ကို ပိုမုန်း..အွန်းးး " ]

[ " မပြောနဲ့လို့ ပြောတယ်မလား ? ! " ]

! ခလွမ်း !
____________________________

အမောတကောနဲ့ရှိုက်ယူနေရတဲ့ လေဟာ
ဘယ်လောက်ရှူရှူ အသက်မ၀သလိုပင် ။

ခေါင်းနှစ်ချထားတဲ့ ရေပုံးကို သွန်လိုက်ပြီး
အသစ်ထပ်ဖြည့်တော့ ရေပိုက်ခေါင်းကနေ
ကျလာတဲ့ ရေစက်သံတွေဟာ ဆူဆူညံညံ ။

အပြင်ထိအောင် ရေလျှံလာတော့
ရေပိုက်ခေါင်းကို လှည့်ပိတ်လိုက်ပြီး
သဘတ်တစ်ထည်ကို လှမ်းယူလိုက်တယ် ။

IF OUR LOVE IS WRONG...Where stories live. Discover now