~ 3 ~

1.2K 163 24
                                    

Unicode

သူ(မ)ရဲ့ စျာပနဟာ သိပ်ကို
ခြောက်ကပ်လွန်းပါတယ် ။

ကျန်းမျိုးရိုးရဲ့အမွေဖြတ်ခြင်းကို ခံထားရတဲ့
သူ(မ)ကို ဘယ်အသိမိတ်ဆွေကမှ အရေးတယူ
မလုပ်ချင်ကြဘူး ။ ဒါကြောင့် အစအဆုံး ပါးပါး
ဦးဆောင်ပေးတဲ့ စျာပနမှာ မျက်နှာသေနဲ့ငါရယ် ၊
ခံစားချက်မရှိသလို ၀မ်ရိပေါ်ရယ် ၊ မျက်ရည်တွေ
ခပ်ဝဲဝဲနဲ့ ပါးပါးရယ် ။ ဒီ လူသုံးယောက်လေးနဲ့ပဲ
မြန်မြန်ဆန်ဆန် အဆုံးသတ်သွားတော့တယ် ။

အုတ်ဂူဖြူဖြူလေး နှစ်ခုဟာ
ဘေးချင်းယှဥ်လျက်ရှိနေတယ် ။

! ၀မ်ကျင်မေ့ ! ၀မ်တာ့ချန်း !

" ကိုယ် တောင်းပန်ပါတယ် မေ့ ~
ကိုယ့်ကြောင့် မင်းတို့ ဒီလိုဖြစ်ရတာ "

ဒီရှုပ်ထွေးလှတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာ
အားလုံးဟာ ချစ်တတ်လွန်းသူတွေချည်းပဲလား ?

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သိရှိခဲ့ရတဲ့
အတိတ်မှာ ပါးပါးဟာ ဗီလိန်ဖြစ်ခဲ့တယ် ။

ကျန်းကျင်မေ့နဲ့ ၀မ်တာ့ချန်းဆိုတာ
သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်ပြီး
ကြား၀င်နှောက်ယှက်ခဲ့တာကတော့
မထင်မှတ်ထားစွာပဲ ပါးပါး ပါတဲ့ ။

သူ(မ)က ပါးပါးကို သစ္စာဖောက်ခဲ့တာမဟုတ်ပဲ
သူ(မ)အချစ်ပေါ် သူ(မ)က သစ္စာစောင့်သိခဲ့တာ !

ငါ လေးနှစ်အရွယ်ထိ အတ္တကြီးစွာ သိမ်းပိုက်ထားတဲ့ ပါးပါးဟာ ငါ ငါးနှစ်အရွယ်မှာတော့
သူ(မ)ကို နောင်တတွေနဲ့ လက်လွှတ်ပေးခဲ့တယ် ။

ဒါပေမဲ့ မိဘအသိုင်းဝိုင်းကြားမှာတော့
သူ(မ)ဟာ အိမ်ထောင်ရေး ဖောက်ပြန်တဲ့
အမျိုးသမီးတစ်ဦးပါပဲ ။ အခုချိန်ထိပေါ့ ။

အတင်းကြပ်ရယူခံထားရတဲ့ သူ(မ)ဟာ မချစ်တဲ့
လူနဲ့ရထားတဲ့ ရင်သွေးဖြစ်တဲ့ ငါ့ကို ဘယ်တုန်းက
မှ ဂရုမစိုက်ခဲ့ဘူး ။ ဒါပေမဲ့ သူ(မ) ချစ်တဲ့ လူနဲ့
ရထားတဲ့ ၀မ်ရိပေါ်ကိုတော့ သည်းသည်းလှုပ်ရဲ့ ။

၀မ်ရိပေါ် ! ဟုတ်တယ် ။ သူလည်း ဒီရှုပ်ထွေး
လွန်းတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကြားမှာ
မြေစာပင်တစ်ဦး ! အမွေဖြတ်ခံလိုက်ရတာဟာ
သူ(မ)တင်မဟုတ်ပဲ ကြားသိရသလောက်တော့
၀မ်ရိပေါ် ပါးပါး ၀မ်တာ့ချန်းရော အပါအ၀င်တဲ့ ။

IF OUR LOVE IS WRONG...Where stories live. Discover now