~ 16 ~

1K 126 35
                                    

Unicode

ကိုကို့ခန္ဓာကိုယ်က ပေါ့တဲ့အထဲမှာပါပေမဲ့
၁၆နှစ်အရွယ် လူငယ်လေးအတွက်တော့
တော်တော့်ကို လေးလံတဲ့ အနေအထား ။

မနည်း ကြိုးစားပွေ့လို့ ခက်ခက်ခဲခဲတက်ရတဲ့
လှေကားထစ်တွေ အကုန် ဖြတ်ကျော်အပြီးမှာ
လူလည်း ပင်ပန်းပြီး ခြေကုန်လက်ပန်းကျနေပြီ ။

ဒီထက်ပိုပြီး ဆက်မပွေ့နိုင်တော့တာကြောင့်
ခြေတရွတ်တိုက်နေတဲ့ ကိုကို့ကို တွဲရင်းသာ
အခန်းတံခါးကို မရရအောင် ဆွဲဖွင့်ရတယ် ။

" အောင့်မလေးဗျ ! "

ကိုကိုအိပ်စက်ဖို့ ကုတင်ပေါ်တင်ပေးပြီးသည်နှင့်
ဟောဟဲလိုက်အောင် မောနေတဲ့ ကိုယ့်ကိုယ်ကိုယ်
ခဏ အနားယူခိုင်းရတယ် ။ တတောက်တောက်
ကျနေဆဲ ချွေးတွေကို လက်နဲ့ သုတ်လိုက်တော့
ထိမိသွားတဲ့ ဘယ်ဘက်ပါးပြင်ပေါ်က နာကျင်မှုစပ်ဖျင်းဖျင်းလေး ? ဒါ...ကိုကို ကိုက်လိုက်တာ !

ပါးကို တစ်ကိုက်ကိုက်လိုက်ပြီးချင်း ပခုံးပေါ်
ခေါင်းတင်လျက်သား မူးမေ့ကျသွားတဲ့ ကိုကို
ကြောင့် ပြာယာခတ်သွားခဲ့ပေမဲ့ ယခုလက်ရှိ
တည်တည်ငြိမ်ငြိမ်ရှိလာတဲ့ အခါမှာတော့...။

ခန္ဓာကိုယ်အတွင်းတစ်နေရာက ပူရှိန်းလာတဲ့ထိ
အဲ့တုန်းက ခံစားချက်ကို ပြန် အမှတ်ရမိတယ် ။

ကိုကို့ အာခံတွင်း​ထဲ ထည့်ပြီး ငုံခဲခံလိုက်ရတဲ့
ပါးတစ်ဖက်ဟာ နူးညံ့ပျော်၀င်သွားတော့မတတ် !

အသားထဲ စိုက်ပြီး၀င်လာခဲ့တဲ့ နာကျင်မှုဟာ
အပ်မဟုတ်တဲ့ ကိုကို့ရဲ့ယုန်သွားလေးလို ချစ်ဖို့
ကောင်းတဲ့ ရှေ့သွားကြီးကြီး နှစ်ချောင်းကြောင့် !

အားရပါးရ ကိုက်ခံထားရလို့ သွေးစို့နေဆဲ
ဒဏ်ရာအား လက်မနဲ့ခပ်ဖွဖွ ပွတ်သပ်နေမိတဲ့
ကိုယ့်ပုံရိပ်ကိုယ် ကုတင်ခြေရင်း မှန်တင်ခုံပေါ်က
မှန်ချပ်ကြီးကနေ တစ်ဆင့် ပြန်ပြီးမြင်နေရတယ် ။

ကိုယ့်ကိုယ့်ကိုယ်တောင် မသိဘဲ ပြုံးနေခဲ့မိတာ !

ဘာအကြောင်းကြောင့်ပါလိမ့် ?

" ပြက် ~ ပြက် ~ ပြက် ~ "

အသံကြားတာကြောင့် နောက်လှည့်ကြည့်တော့
ထားထားတဲ့ ပုံစံအတိုင်းမဟုတ်ဘဲ ဟိုလှိမ့် ဒီလှိမ့်
လုပ်နေတဲ့ ကိုကိုက မိခင်နို့စို့ပြီးခါစ ကလေးလေး
တစ်ယောက်လိုမျိုး နှုတ်ခမ်းတွေအား အသံမြည်သည်အထိ အရသာခံရင်း လျှာသပ်နေလေသည် ။

IF OUR LOVE IS WRONG...Kde žijí příběhy. Začni objevovat