~ 11 ~

1K 139 58
                                    

Unicode

၀မ်ရိပေါ် အသက် ၁၃ နှစ် ။
ရှောင်ကျန့် အသက် ၁၉ နှစ် ။

နောက်ဆုံးတော့ အစောကြီးအနှိုးခံရမဲ့
မနက်ခင်းတွေကနေ လွတ်မြောက်သွား...။

" ကိုကို ! ! ! ! ! "

အခန်းတံခါးနှင့်နံရံ ရိုက်မိသွားသောအသံဟာ
ကျယ်ကျယ်လောင်လောင်ဖြစ်ပြီး လက်ချောင်းများ ကွေးကောက်သွားသည်ထိ အုံးထားမိသော
ခေါင်းအုံးကို ခပ်တင်းတင်း ဆုပ်ချေလိုက်မိ၏ ။

" ဒါ ဘာလဲ ? ! "

၀မ်ရိပေါ်လက်ထဲက ဘူးသေးသေးလေးကို
ငါ့အနေနဲ့ တစ်ခါမှ မမြင်ခဲ့ဖူးသော်လည်း
ချောကလက်ဘူးမှန်းတော့ သိသာပါသည် ။

" ဒါ ဘာလဲလို့ ? ! ! ! "

" မသိဘူးလေ ! "

" ကိုကို့ လွယ်အိတ်ထဲကနေ
တွေ့တာ ! ဘာလို့မသိတာလဲ ? ! "

" ငါ့လွယ်အိတ်ထဲက...? "

" ချစ်တယ်တဲ့ ဒီမှာ ရေးထားတာ ! "

ဘူးအဖုံးကို လှပ်ပြလာတဲ့အခါ ထိုဘူးအဖုံး
အတွင်းတင် ရေးထားတဲ့ စာသားက ငါ့ကို ကြိုက်နေတဲ့ တစ်ယောက်ယောက်ဆီကလို့ ညွှန်းတယ် ။
ဒီလွယ်အိတ်ကို စာမေးပွဲဖြေနေတုန်း အခန်းပြင်မှာ ထားခဲ့ရတာဖြစ်ပြီး စာမေးပွဲပြီးကတည်းက
ဖွင့်မကြည့်တော့ဘဲ ဝဲပစ်လိုက်တာဖြစ်တယ် ။
ဒါကြောင့်လည်း ဒီဘူးကို ငါ မမြင်ဖူးတာပေါ့ ။

" တကယ် ရည်းစားထားနေတာလား ? ! "

" ဟမ် ! မဟုတ်ပါဘူး "

" ဒါဆို ဘာလို့ လက်ခံလာတာလဲ ? ! "

ပထမတော့ ရှင်းပြဖို့ ပါးစပ်ဟလိုက်ပေမဲ့
တရားခံစစ်သလို မေးလာတဲ့ ၀မ်ရိပေါ်​ကြောင့်
နှုတ်ခမ်းတွေကို တင်းတင်း ပြန်စေ့လိုက်တယ် ။

ငါက ဘာလို့ဖြေရှင်းရမှာလဲ ? ! သူ့မှာ ငါ့ကို အဲ့လို
စစ်ဆေးပိုင်ခွင့်ရှိတယ်များ ထင်နေလား မသိ ? !

" ရုတ်ရုတ် ရုတ်ရုတ်ဆို ပါးရှောင်နဲ့တိုင်ပစ်မှာ "

" ဟက် ! မင်းက ဘယ်လိုတိုင်မှာလဲ ? ! ငါက
အသက်ပြည့်ပြီးလို့ တစ်နှစ်တောင်ကျော်နေတဲ့
လူကြီးတစ်ယောက်ပါ မင်းလိုကလေးစုတ်လေး
မဟုတ်ဘူး ! ဒါကြောင့် ရည်းစားထားရင်ရော ?

IF OUR LOVE IS WRONG...Where stories live. Discover now