~ 31 ~

817 77 39
                                    

Unicode

တစ်နှစ်တခြား ထိုးကျလာတဲ့ ၀င်ငွေဇယားကို
ကြည့်ရင်း ငါ့ခေါင်းတွေ ထိုးကိုက်လာခဲ့တယ် ။

မလွယ်ကူလိုက်တာ ~ စီးပွားရေးလောကမှာ
ပါးမရှိဘဲ တစ်ယောက်တည်း ရပ်တည်ရတာ
ငါ့အတွက် တစ်စက်ကလေးမှ မလွယ်ကူဘူး ။

အရင်က ငါ မသိခဲ့တာ...ပါးရဲ့
အရှိန်အဝါကြောင့်မို့သာ ငါ့ကို
မထိရဲဖြစ်နေခဲ့ကြတယ်ဆိုတာ !

ငါ အခုမှသိတယ် ။ အဲ့ဒီ့ မြေခွေးအိုကြီးတွေက
ငါ့လို လူငယ်လေးဆို အထင်အမြင်သေးတယ် ။
ထိုးနှက်ချင်တယ် ။ အဘက်ဘက်က တိုက်ခိုက်
ချင်တယ် ။ ပျော့ကွက်တွေ့ရင် ချနင်းချင်တယ် ။

ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ လောက !
ငါတစ်ယောက်တည်း ရင်ဆိုင်ခဲ့ရတာ သုံးနှစ် !

အခြေအနေဟာ သိပ်ပြီး မကောင်းလှဘူး ။
ငါသာ ဆက်မထိန်းနိုင်တော့ရင် နောက်ထပ်
တစ်နှစ်အတွင်းမှာတင် ပြိုလဲသွားနိုင်တယ် ။

" ရှာခိုင်းထားတဲ့ ဒီနှစ်ပိုင်းအတွင်းမှာ
နာမည်ရလာတဲ့ ကုမ္ပဏီတွေစာရင်းပါ "

" Leopard ? အသစ်လား တစ်ခါမှ မကြားဖူးဘူး "

" အရင်က ဒီအတိုင်း နာမည်မရှိတဲ့ ကုမ္ပဏီပါ
နောက်ပိုင်း ဆက်ခံသူပြောင်းသွားပြီး ဒီနာမည်
အသစ်နဲ့ စျေးကွက်ကိုထိုးဖောက်လာတာ တစ်လ
အတွင်း Top 3 ထိ ရောက်အောင် လုပ်နိုင်တယ် "

" Top 3 ! ! ! "

" ဟုတ်ကဲ့ အလားအလာရှိတဲ့ ကုမ္ပဏီတစ်ခုပါ "

" ပြောင်းသွားတဲ့ ဆက်ခံသူအသစ်ကို သိလား "

" ရှာလို့မရဘူး Boss တစ်ခါမှ လူရှေ့ကို
ထွက်မပြဖူးလို့ လေလိုမျိုးဖြစ်တည်မှုပါ "

ရှောင်ကျန့် မျက်ခုံး ပင့်သွားတယ် ။
လေလိုမျိုးဖြစ်တည်မှု ? ဟုတ်လား ?

" စိတ်၀င်စားစရာပဲ ငါ ပိုပြီး သိချင်တယ် "

" ကြိုးစားကြည့်ပါ့မယ် "

ခေါင်းညိတ်လိုက်ပြီး သွားလို့ရပြီဖြစ်ကြောင်း
အချက်ပြလိုက်တယ် ။ Leopard တဲ့လား ?

Logo ကအစ မည်းနက်နေလိုက်တာ ~
ငါသိချင်တယ် ။ ဒီကျားသစ်ရဲ့ နောက်
ခြေလှမ်းတွေကို...ဒါမှလဲ ငါ သိနိုင်မယ် ။

IF OUR LOVE IS WRONG...Where stories live. Discover now