~ 10 ~

1.1K 148 42
                                    

Unicode

၀မ်ရိပေါ်ဆိုတာ ဂြိုဟ်ကောင်လေးဖြစ်တယ် ။

ရိုးရိုးဂြိုလ်ကောင်လေးတောင် မဟုတ်ဘဲ
ငါ့ ဘ၀ကြီး တစ်ခုလုံးကို ​ဇောက်ထိုးမိုးမျှော်
ဖြစ်သွားစေလောက်မယ့် ဂြိုဟ်ဆိုးလိုကောင် !

ငါ သူ့ကို ဘယ်လောက်ထိမုန်းသလဲဆိုရင် အဲ့ဒီ့
အမုန်းတွေက အသွေးအသားထဲထိကို စိမ့်၀င်ပြီး
စွဲလန်းမှုတစ်ခုလိုပဲ အမြစ်ပါ ဖြတ်မရတော့ဘူး ။

စွဲလန်းမှုဆိုတာ ရောဂါတစ်ခုလေ ။
ငါက ဒီရောဂါကို ကုမရတော့အောင်
ကျွမ်းနေခဲ့ပြီသား ! ဒါကြောင့်ပဲပေါ့ !

ငါ့အပေါ် သူ အခုလို မုန်းရက်စရာ
ကိစ္စရပ်ကြီး ကျူးလွန်ခဲ့တာတောင်
ငါ့အနေနဲ့ မမုန်းနိုင်တော့တာဖြစ်မယ် ။

မဟုတ်ဘူး ! ဒီထက် ပိုပြီး
မုန်းစရာ မကျန်တော့တာ !
_____________________

၀မ်ရိပေါ် အသက် ၇ နှစ် ။
ရှောင်ကျန့် အသက် ၁၃ နှစ် ။

" ကိုကိုအိပ်ပုတ် ! ကိုကိုအိပ်ပုတ် ထတော့ ! ! ! "

လူကို လာလှုပ်နှိုးနေတဲ့ လက်သေးသေးကို
မျက်လုံးမှေးကြည့်လိုက်ပြီး ကုတင်ဘေးက
ပါးဖောင်းဖောင်းကြီးတွေနဲ့ မျက်နှာငယ်ငယ်
လေးဆီ အကြည့် ထပ်ရောက်သွားမိတယ် ။

အဲ့ဂြိုဟ်ကောင်လေးကို စိတ်ကောင်းနည်းနည်းမှ
ထားပေးလို့မရဘူး ။ ငါတွန်းလိုက်လို့ ရသွားတဲ့
လက်က ဒဏ်ရာကြောင့် သနားစိတ်၀င်ပြီး ငါ့
စက်ဘီးပေါ် တစ်ရက်လေး တင်လိုက်မိပါတယ် ။

နေ့တိုင်းကျောင်းသွားဖို့ လာနှိုးတာ ခံနေရပြီ ။
တကယ်ပဲ စိတ်ရှုပ်ဖို့ ကောင်းလိုက်လေခြင်း !

" ထွက်သွား ! ! ! "

× × ×

၀မ်ရိပေါ် အသက် ၈ နှစ် ။
ရှောင်ကျန့် အသက် ၁၄ နှစ် ။

" ကိုကိုအိပ်ပုတ် ထတော့ ! ! ! "

လူကို လက်နဲ့နှစ်ချက်လာပုတ်လို့
မျက်လုံးမှေးကြည့်လိုက်မိတော့
ပါးဖောင်းဖောင်းကြီးတွေဟာ
ပုံမှန်ထက်ပြည့်တက်နေတယ် ။

IF OUR LOVE IS WRONG...Donde viven las historias. Descúbrelo ahora