~ 20 ~

1K 105 45
                                    

Unicode

ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေအတွက် တောင်းပန်ကြည့်ဖို့
ပါးစပ်ဟတိုင်း စကားလမ်းကြောင်း လွှဲနေခဲ့တဲ့
ကိုကိုက ထိုကိစ္စတွေကို ပြန်ဖော်ချင်ပုံမရပါဘူး ။

ဒူးထောက်ဖို့တောင်မှ အဆင်သင့်ဖြစ်နေခဲ့ပေမဲ့
ကိုကိုကမှ လက်မခံချင်တဲ့ကိစ္စကို အတင်းကျပ်
သွား တောင်းပန်နေလို့လည်း ဘာမှမထူးနိုင်ဘူး ။

ဒီတော့ ဘာများ တတ်နိုင်ဦးမှာလဲ ?

ကိုကို မပြောစေချင်တဲ့ကိစ္စကို မပြောတော့ဘဲ
ကိုကို့ ဘေးနားနေပြီး ကိုကို ခိုင်းသမျှ လုပ်ရင်း
အတတ်နိုင်ဆုံး မရှိတဲ့လူတစ်ယောက်လို နေဖို့ပဲ
တတ်နိုင်တယ် ။ လောလောဆယ်တော့ ဒါကသာ
အကောင်းဆုံးဖြေရှင်းနည်းတစ်ခုလို့ ထင်တယ် ။

ကလေးတုန်းကလို တစ်စိတ်ရှိ ထွက်ပြေးဖို့ထက်
ရင်ဆိုင်ဖို့ကို ရွေးချယ်တတ်လာခြင်းဟာ အရွယ်
ရောက်လာတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်မယ် ။
ပြန်ပြင်လို့မရနိုင်တဲ့ အမှားတွေလုပ်ခဲ့ပေမဲ့ ပြန်ပေးဆပ်လို့တော့ရဦးမယ် ထင်တာပဲ ။ ဒါကြောင့်
အရင်လို ထွက်မပြေးတော့ဖို့ဆုံးဖြတ်ထားတယ် ။

အဲ့အချိန်ထိ ! ကိုကို ကျွန်တော့်ကို လုံး၀
အလိုမရှိတော့ပါဘူး လို့ သူ့ပါးစပ်ကနေ
သူ ကိုယ်တိုင်ထုတ်ပြောလာမဲ့ အချိန်ထိ !

အဲ့အချိန်လေးထိတော့ ကိိိုကို့အနားမှာပဲ
ကပ်တွယ်ပြီး နေကြည့်ချင်သေးတယ် ။

" ကို "

" ဖလော်ရီနာ ? ! "

ကိုကို ကုမ္ပဏီပျက်ခဲ့ဖူးသော ရက်တွေတုန်းက
စာရွက်စာတမ်းတွေကို တင်ပြ ရှင်းလင်းနေတုန်း
ရုံးခန်းထဲ ၀င်လာခဲ့တဲ့ ကိုကို့ သတို့သမီးလောင်း ?

" ဒီကို ဘယ်လိုရောက်လာတာလဲ "

" ဒီလိုပဲရောက်လာတာလေ စပရိုက် ! "

လက်နှစ်ဖက်ကို ဖြန့်ကား ခါယမ်းပြလို့
ပျော်ရွှင်မြူးတူးစွာ ပြောလာခဲ့တဲ့ သူ(မ)ကို
မျက်တောင်မခတ် စိုက်ကြည့်နေတဲ့ ကိုကို​က
တစ်လောကလုံးမှာ သူတို့နှစ်ယောက်ပဲရှိသလို ~

IF OUR LOVE IS WRONG...Where stories live. Discover now