~ 12 ~

1K 141 34
                                    

Unicode

၀မ်ရိပေါ် အသက် ၁၅ နှစ် ။
ရှောင်ကျန့် အသက် ၂၁ နှစ် ။

" ဘာလို့ ရန်ဖြစ်တာလဲ ? ! "

နောက်မှ ကုပ်ကုပ် ကုပ်ကုပ်ဖြင့် လိုက်လာနေတဲ့
၀မ်ရိပေါ်ကို ၅ကြိမ်မြောက်လှည့်မေးလိုက်တယ် ။

ပြန်ဖြေလာခြင်းမရှိတဲ့ ၀မ်ရိပေါ်က ဆက်တိုက်
တေမိလုပ်နေတဲ့အပြင် ဒဏ်ရာဒဏ်ချက်တွေနဲ့
မျက်နှာကိုလည်း ဟိုလွှဲဒီလွှဲလုပ်နေတာကြောင့်
ငါ့ ဒေါသတွေ အတိုင်းအဆမဲ့ ထွက်လာခဲ့တယ် ။

အတန်းပြီးပြီးချင်း ၀င်လာတဲ့ဖုန်းဟာ
ရဲစခန်းက ဖြစ်တယ် ။ အပြေးတစ်ပိုင်း
ရောက်သွားမိတော့ ဆူညံနေတဲ့ ရဲစခန်းထဲ
လူဆိုးသူခိုးတွေရဲ့အဝေး ချောင်ကျတဲ့ခုံမှာ
မလှုပ်မရပ်ထိုင်နေတဲ့ ၀မ်ရိပေါ်ကို တွေ့ရရော ။

" ငါ မင်းကို ရန်ပွဲတွေမှာ ၀င်မပါနဲ့လို့ပြောဖူးလို့ မင်း ကိုယ်တိုင် ရန်ပွဲဖန်တီးပစ်တာလား ဟမ် ? ! "

ထိုရန်ပွဲကို စတွေ့ခဲ့တဲ့ ရဲ ရဲ့ပြောပြချက်အရ
၀မ်ရိပေါ်ဟာ တစ်ဖက်ကျောင်းသားကို အရင်စ
ထိုးတာဖြစ်ပြီး တုတ်နဲ့ပါ ကောက်ရိုက်ခဲ့သေးတာ
ကြောင့် တစ်ဖက်ကျောင်းသားမှာ ခေါင်းနှစ်ချက်
ချုပ်လိုက်ရပြီး ဆေးရုံပါ ရောက်သွားတယ်တဲ့ ။

ငါ့ဘ၀မှာ ဘယ်တုန်းကမှ အခြားလူကို
အောက်ကျို့ခဲ့ရတာ မရှိဖူးဘူး ။ အခုတော့
တစ်ဖက်ကျောင်းသားဆီမှာ ခါးကျိုးမတတ်
တောင်းပန်ပြီး ခံ၀န်ကတိပါ ထိုးခဲ့ရသေးတယ် ။

ဒါတွေ အားလုံး အဲ့ဂြိုဟ်ကောင်လေးကြောင့်ပဲ !

" ၀မ်ရိပေါ် ငါ မေးနေတာကြားလား ? ! ဘာလို့ရန်ဖြစ်တာလဲလို့ ? ! ! ! အဲ့ပါးစပ်က ဖြေစမ်း ! "

အနားထိကပ်သွားပြီး အော်လိုက်တော့
သိမ့်ခနဲတုန်သွားပြီး နောက်ဆုတ်သွားတဲ့
၀မ်ရိပေါ်ဆီက ထွက်လာတဲ့ အသံတိုးတိုး ။

" သူအရင်ရန်စတာ ~ "

" ဘယ်လိုရန်စတာလဲ ? ! "

"....."

" ၀မ် ရိ ပေါ် "

" ကို~ကိုကို့ မကောင်းကြောင်း​ပြောလို့ ~ "

IF OUR LOVE IS WRONG...حيث تعيش القصص. اكتشف الآن