~ 14 ~

1K 146 36
                                    

Unicode

" အိမ်မက်မဟုတ်ဘူးလား ? ! ည...ညက ကိုကိုက
အိမ်မက်မဟုတ်ပဲ တကယ့် ကိုကိုလား ? ! ! ! "

မခိုင်တော့တဲ့ ခြေထောက်တွေဟာ
ခွေကျသွားတာများ ဘေစင်ကိုတောင်
လက်ဖြင့် လှမ်းထောက်မမှီတော့အောင်
ကြမ်းပြင်ပေါ်ဆီသာ အရုပ်ကြိုးပျက် ။

" သွား..သွားပြီ ! ဘာတွေလုပ်လိုက်မိတာလဲ ? ! "

ကိုယ့်ဆံပင်ကိုယ် လက်နှစ်ဖက်နဲ့ ဆွဲဆုပ်မိတော့
ထုံကျဥ်လာတဲ့ ဦးရေပြားထဲမှ ဆဲလ်တွေဟာ
ပြင်းပြင်းထန်ထန်ကို အလုပ်လုပ်လာတယ် ။

အော်ဟစ်ရုန်းကန်နေတဲ့ ကိုကို့ကို အလွတ်မပေးပဲ
နိုင်ထက်စီးနင်းတွေပြုမူတယ် ။ ဒါတင်မကသေး
မျက်ရည်ဖြိုင်ဖြိုင်ကျလာတဲ့ထိ ကိုကိုက ငိုကြွေး
နေတာတောင် မရပ်တန့်ပေးပဲ ကြမ်းရမ်းတယ် ။
ဘယ်လိုတောင် လူစိတ်မရှိတဲ့ လုပ်ရပ်တွေလဲ ? !

လက်သည်းစတွေ ဦးရေပြားထဲ ဖောက်၀င်သွား
မတတ် ကုတ်ဆွဲထားမိတယ် ။ ခြောက်ခြားစရာ
ကောင်းလွန်းတဲ့ ပုံရိပ်တွေကြောင့် နှလုံးသားက
တဆစ်ဆစ်ကို ထိုးအောင့်လာတယ် ။ နာတယ် ~

ကျွန်တော်တောင် ဒီလောက်နာကျင်နေရင်
မျက်လုံးတွေ ဖောင်းအစ်တဲ့ထိ ငို​ကြွေးခဲ့တဲ့
ကိုကိုကရော ? တွေးတောင်မတွေးကြည့်ရဲဘူး !

× × ×

အသက်မရှိတဲ့ လူလို ထိုင်နေမိတာ ဘယ်လောက်
ကြာသွားလဲ မသိတဲ့အချိန် ခန္ဓာကိုယ်က အအေး
ဒဏ်ကို လက်မခံနိုင်တော့ကြောင်း တုန်ယင်စွာပဲ
ဖော်ပြလာခဲ့တယ် ။ အင်္ကျီချွတ်ထားလျက်သားနဲ့
အေးစက်စက် ရေချိုးခန်းကြမ်းပြင်ပေါ် ထိုင်နေခဲ့မိမှတော့ အဖျားပျောက်ခါစ လူတစ်ယောက်ဟာ
ကျိန်းသေပေါက် အဖျားပြန်ပြီး တက်လာပြီပေါ့ ။

ဆွဲချွတ်ထားတဲ့ အင်္ကျီကို ဆွဲယူထွေးပိုက်ရင်း
ရေပိုက်ခေါင်းအောက် ၀င်ထိုင်နေလိုက်တယ် ။
ခလုတ်ကို ဖွင့်လိုက်တဲ့အခါ ဖြန်းခနဲကျလာတဲ့
ရေစက်တွေက အေးလွန်းပေမဲ့ ရင်ထဲက အပူကိုတော့ ဘယ်လိုမှ ငြှိမ်းသတ်နိုင်မယ် မထင်ပါဘူး ။

လိမ်းဆေးဝါဝါတွေဟာ ရေ​နဲ့ရောပြီး ခန္ဓာကိုယ်မှ
တစ်ဆင့် ကြမ်းပြင်ပေါ်ကို စီးဆင်းသွားခဲ့တယ် ။

IF OUR LOVE IS WRONG...Where stories live. Discover now