~ 21 ~

631 85 31
                                    

Unicode

" ဖလော်ရီနာရဲ့ မိဘတွေက NS group ကဆို "

NS ? NS ဆိုတာ ကိုကိုတို့ပြီးရင်
ဒုတိယလိုက်နေတဲ့ အုပ်စုမလား ?

" အင်း "

တကယ်ပဲ ကိုကိုရွေးချယ်လိုက်တဲ့ အမျိုးသမီးက
နောက်ခံအသိုင်းဝိုင်းကအစ ပြည့်စုံနေလိုက်တာ !

" ပါးကို ဘာလို့ မပြောရတာလဲ "

" ​ဒီတိုင်း...မလိုဘူးထင်လို့ "

" ဘာလို့ မလိုရမှာလဲ ပါးတို့က
ရင်းနှီးတဲ့ စီးပွားဖက်တွေ ! "

သတိထားမိလိုက်တယ် ။ ပါးရှောင်ရဲ့ စကား
အသွားအလာထဲမှာ ကိုကိုနဲ့ ဖလော်ရီနာဆိုတဲ့
အမျိုးသမီးကို သဘောတူချင်လာပြီဖြစ်တဲ့
အရိပ်အယောင်တွေကို...! ဒီအတိုင်းသာဆိုရင်
ကိုကိုတောင်းဆိုနေခဲ့တဲ့ လက်ထပ်ပွဲကလည်း
မြန်မြန်ဆန်ဆန်ပဲဖြစ်လာတော့မယ် ထင်တယ် ။

" သူ့အဖေနဲ့ ပါးတို့ဆိုတာ ပြောမနာ ဆိုမနာ
သူငယ်ချင်းတွေနီးနီးပဲ ! ရှောင်ကျန့် ! သား
ပါးကို ကြိုပြောထားသင့်တာ အဲ့ကလေးမကို
အိမ်ခေါ်မလာခင်နေ့ကတည်းက အခုတော့..."

စားချင်စိတ်မရှိတဲ့ စိတ်တွေဟာ
ထမင်းကိုသာ ထိုးဆွနေမိပြီး...။

အသိ၀င်လာမှ မူပျက်နေတာကို ပြန်ထိန်းရင်း
အလိုက်သင့် ဟင်းပွဲတစ်ခုခုဆီ လက်လှမ်းလိုက်
မိတယ် ။ စိတ်ထင်လို့ပဲလားတော့...မသိပေမဲ့ !

ကိုကို့နားက ငါးဟင်းပန်းကန်ဟာ
ကျွန်တော့်ဘက် ရောက်နေသလိုပဲ ?

မော့ကြည့်တော့ သူ့ဟာနဲ့သူ အေးဆေး
ထမင်းစားနေခဲ့တဲ့ ကိုကိုက ပါးရှောင်
ပြောသမျှကိုလည်း စိတ်၀င်စားဟန်
မရှိဘဲ သူနဲ့မဆိုင်သလိုဘဲနေတယ် ။

" ပါး သူ့ကို နေရခက်အောင် လုပ်လိုက်မိတယ်
ထင်တယ် မဖြစ်ဘူး ! မျက်နှာပျက်စရာတွေ
ဖြစ်ကုန်မယ် သား အဲ့ကလေးမကို နောက်ခါ
အိမ်တစ်ခေါက် ထပ်ခေါ်ခဲ့ဦး ရိုင်းပြခဲ့တာ
အတွက် သေချာ ပြန်ပြီး ပြင်ဆင်ရမယ် "

ထူးဆန်းတယ် ။ မားမားဆုံးပြီးကတည်းက
ငါးမစားဖြစ်တာဟာ...ငါးရိုးနွှင်ကျွေးတတ်တဲ့
မားကို ငါး စားတိုင်း သတိရနေမိလို့...ဒါမဲ့ အရိုး !

IF OUR LOVE IS WRONG...Where stories live. Discover now