~ 24 ~

690 93 47
                                    

Unicode

" အန်တီတို့ သမီးမှာ စိတ်အတက်အကျရောဂါ
အခံရှိလို့ အခုလိုတွေလုပ်မိကုန်တာပါ သားရယ် "

" သနားငဲ့ညာသောအားဖြင့် ခွင့်လွှတ်ပေးပါ "

ဒူးထောက်တော့မတတ် တောင်းပန်နေကြတဲ့
ဖလော်ရီနာရဲ့ မိဘနှစ်ပါး စကားကို ကျွန်တော်
လုံး၀ လက်ခံပြီး နားထောင်ပေးဖို့မဖြစ်နိုင်ခဲ့ဘူး ။

ဒါကြောင့်ပဲ ချက်ချင်း
နေရာမှ လှည့်ထွက်ခဲ့ရင်း...။

" အဲ့လိုဆိုးရွားတဲ့ အခြေအနေမျိုးရှိရင်လည်း
အစကတည်းက အန်တီတို့ရဲ့ သမီးကို အန်တီတို့
စိတ်ကျန်းမာရေး ဆေးရုံ ပို့ထားခဲ့သင့်တာပေါ့ ! "

စကားတွေဟာ ရက်စက်ကောင်း
ရက်စက်သွားနိုင်လိမ့်မယ် ။ ဒါပေမဲ့
ထိခိုက််ခဲ့တာက ကိုကိုဖြစ်နေတဲ့အခါ
ကျွန်တော့်အနေနဲ့ ဘယ်သူ့မျက်နှာကိုမှ
မကြည့်ပေးနေနိုင်တော့သလို ခန္တီတရား
ဆိုတာလည်း ပျောက်ဆုံးသွားခဲ့တယ် ။

ခွင့်လွှတ်ပေးရမယ် ဟုတ်လား ?

ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ အခုချိန်မှာ
ထိခိုက်ထားတာ ကျွန်တော်ဖြစ်နေရင်တော့
အန်တီတို့ရဲ့ သမီးပေါ် ခွင့်လွှတ်ပေးနိုင်တဲ့စိတ်
အနည်းအကျင်းလောက်တော့ထားနိုင်ဦးမှာပါ ။

ဒါပေမဲ့ ကံမကောင်းစွာပဲ !

ကျွန်တော့်ဆီ တန်းတန်းမတ်မတ် လာနေခဲ့တဲ့
ကားတစ်စီးကိုတွေ့တော့ ရှောင်ဖို့ရာ မေ့သွားခဲ့ပြီး
အဲ့ကလာတဲ့ မီးရောင်တွေကြောင့် လူက မျက်လုံးတွေပါ ပြာဝေသွားမိတယ် ။ အဲ့အခိုက်တန့်မှာပဲ !

ရုတ်တရက် တွန်းထုတ်ခံလိုက်ရပြီး အရှိန်
ပြင်းပြင်း တိုက်မိသွားတဲ့ အသံတစ်သံကို
နားက ကျယ်လောင်စွာ ကြားလိုက်ရတယ် ။

လူက တုန်လှုပ်ခြောက်ခြားလွန်းလို့
နောက်ကို တန်းခနဲ လှည့်မကြည့်ရဲဘူး ။

ကြည့်မိလိုက်ရင် ဘ၀ရဲ့ သွေးပျက်ချင်စရာ
အကောင်းဆုံး မြင်ကွင်းတစ်ခုကို ကိုယ်တိုင်
မြင်တွေ့ရတော့မယ်လို့ ခံစားနေခဲ့ရလို့ပါပဲ ။

" အားးးးးးး မဟုတ်ဘူး မဟုတ်ဘူး
ကျွန်မ လုပ်တာ မဟုတ်ဘူး ! ! ! "

IF OUR LOVE IS WRONG...Where stories live. Discover now