~ 15 ~

1.1K 143 43
                                    

Unicode

တစ်ရက်ကနေ နှစ်ရက် ၊ နှစ်ရက်ကနေ သုံးရက်
ဖြစ်လာတဲ့အခါ အရိပ်အယောင်လေးတောင်
မတွေ့ရသေးတဲ့ ကိုကို့ကြောင့် သတိ ခဏလည်တုန်းက တွေ့ခဲ့မိတဲ့ကိုကိုဟာ ထင်ယောင်ထင်မှား
ကိုကိုပါလို့ ကျွန်တော့်စိတ်ထဲ ထင်ချင်လာတယ် ။

ကိုကိုက ကျွန်တော့်ကို မျက်နှာတောင်
မမြင်ချင်လောက်အောင် မုန်းသွားပြီလား ? !
ဒါကြောင့် ကျွန်တော့်ကို လာမတွေ့တာလား ? !

နှိပ်စက်လွန်းတဲ့ အတွေးတွေက နေ့ချင်းညချင်း
ရူးသွားတော့မလိုခံစားနေရပြီး...ဒီဆေးရုံမှာသာ
ဆက်နေနေဦးမယ်ဆို တကယ် ရူးသွားနိုင်တယ် ။

" ဆေးရုံမှာ တစ်ပတ်လောက် အနားယူရမယ်လို့
သားငယ်ကို ဆရာ၀န်က သေချာမှာထားတာ... "

" ပါးရှောင် ~ "

" ဆင်းလို့မရသေး..."

" အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် "

မဖက်စဖူး ဖက်လိုက်မိတာကြောင့်
တောင့်ခဲနေတဲ့ ပါးရှောင်က တစ်ခုခုကို
သတိရသွားပုံဖြင့် အလန့်တကြားမေးတယ် ။

" ဘယ်ထွက်သွားမလို့လဲ "

" ကုမ္ပဏီကိုပါ အလုပ်ပြန်ဆင်းတော့မလို့ "

" ဟမ် ? ! "

ဆေးရုံတက်နေရတဲ့ သုံးရက်အတောအတွင်း
အမျိုးမျိုးသော အတွေးတွေ စဥ်းစားမိတယ် ။
အထူးသဖြင့် " ငရဲသွားရမယ့် အပြစ်ကြီးတစ်ခု
ကျူးလွန်ပြီးတာတောင် ဘုရားသခင်ဟာ ဘာလို့
အသက်ဆက်ပြီး ရှင်ခွင့်ပေးနေရသေးလဲ "ဆိုတဲ့
မေးခွန်းကို အများဆုံးတွေးဖြစ်ပါတယ် ။ အဲ့ရဲ့
အဖြေကိုလည်း.....ရှာတွေ့ခဲ့တယ်ပဲဆိုပါတော့ ။

ဝဋ်ကြွေးမကုန်သေးတာ ! ပါးရှောင်ရဲ့ များလှတဲ့
ကျေးဇူးကြွေးတွေကို ဆပ်ဖို့ ကျန်နေသေးသလို
ကိုကို့ကိုလည်း ၀န်ချတောင်းပန်ဖို့ရှိသေးတယ် ။

ခွင့်လွှတ်ဖို့တောင် မထိုက်တန်မှန်း သိပေမဲ့လဲ
တောင်းပန်မှတော့ဖြစ်မယ် ။ ခြေသလုံးဖက်ပြီးပဲဖြစ်ဖြစ် အစွမ်းကုန် တောင်းပန်မှရမယ် ။ ကိုကို့ဘက်က ခွင့်လွှတ်ပေးစရာမလိုဘူး ။ မုန်းလည်းရတယ် ။ ထုလည်း ရတယ် ။ ရိုက်လည်း ရတယ် ။

IF OUR LOVE IS WRONG...Where stories live. Discover now